ကောလင်းမှာ တရားမ၀င် သစ်တန်ချိန် ၄၂ တန်ကျော်နဲ့ ဆင်တစ်ကောင် ဖမ်းမိ

0
280

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်က လာကာကြိုးဝိုင်းအတွင်းမှာ တရားမ၀င်သစ်တန်ချိန် ၄၂ တန်ကျော်နဲ့ သစ်ဆွဲ ဆင်တစ်ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။

15094373_616337115236192_5850956088591434732_n

အကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးအေးသိန်း၊ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ရွှင်(ခေတ္တ) ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင်သစ်များ ခွဲခြမ်းစိတ်ဖြာခိုးထုတ်သယ်ဆောင်နေကြောင်း သတင်းရရှိပြီး လာကာကြိုးဝိုင်းကို ၀င်ရောက်ရှာဖွေရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

15056462_616337058569531_8153667743430874456_n

ဆက်စပ်သတင်းများအရ လာကာရွာနေ ဒေါ်ရီခိုင် ပိုင်ဆိုင်တဲ့ တရားမ၀င်သစ်စက်တစ်လုံးနဲ့ ကိုဝင်းနိုင်ဦးစီးတဲ့ ဆင်တစ်ကောင်ကိုလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆင်ထိန်းဖြစ်သူ ကိုဝင်းနိုင်နဲ့ ဒေါ်ရီခိုင်တို့ နှစ်ဦးကို ကောလင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)