ဘင်္ဂါလီတွေ နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး လူသေစေနိုင်တဲ့ လက်နက်တွေ အပ်နှံဖို့ ထုတ်ပြန်ထား

0
262

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့တွင်းက ဘင်္ဂါလီမိသားစုတွေရဲ့ အိမ်မှာရှိတဲ့ လူကိုသေစေနိုင်တဲ့ လက်နက်တွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး အပ်နှံဖို့ ထုတ်ပြန်ထားပါတယ်။

FILE - In this Friday, Oct. 14, 2016 file photo, Myanmar police officers patrol along the border fence between Myanmar and Bangladesh in Maungdaw, Rakhine State, Myanmar. Myanmar's government on Sunday, Nov. 13, reported fierce fighting in the western state of Rakhine, where the army has been conducting counterinsurgency operations since nine police officers were killed in attacks on posts along the border with Bangladesh last month. (AP Photo/Thein Zaw, File)

တောင်ပြိုလက်ဝဲမြို့တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ ရှိတဲ့ ဘင်္ဂါလီတွေရဲ့ နေအိမ်တွေမှာ တုတ်၊ ဓား၊ ဂျင်ဂလိ၊ လှံ၊ သေနတ်၊ လက်နက်ခဲယမ်းတွေကို သိုလှောင်ထားတာ၊ လက်ဝယ်သိမ်းဆည်းထားတာ၊ ဆောင်ယူတာမျိုးမလုပ်ကြဖို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အပ်နှံဖို့ သတ်မှတ်ထားတဲ့ ရက်ထက် ကျော်လွန်ပြီးမှ လက်နက်တွေ ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ထိရောက်စွာ အရေးယူမှာမယ်လို့လည်း တောင်ပြိုလက်ဝဲ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ရင်းတို့က လှည့်လည်ကြေညာခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)