မြင်းလွတ်ရှိ ဆရာ၊ ဆရာမ နေအိမ်လိုင်းခန်း မီးရှို့ခံရ

0
265

မောင်တောမြို့နယ် မြင်းလွတ်မြို့ ရှီတာရပ်ကွက်ရှိ မြေစိုက် သက်ကယ်မိုး ထရံကာ ဆောက်လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမ နေအိမ်လိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်လိုက်ပါတယ်။

15027856_639990196174090_4977438760668401241_n

ဒါ့အပြင် သက်ကယ်မိုးထရံကာ ဆောက်လုပ်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးနေအိမ် လိုင်းခန်းလည်း မီးလောင်ခဲ့တာဖြစ်ပါတယ်။ အဆောက်အဦနှစ်ခုစလုံးမှာ လူနေထိုင်မှုမရှိဘဲ တန်ဖိုးငွေကျပ် ငါးသောင်းဖိုးခန့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဆွေယောဒ့်အာလောင်က နယ်မြေခံရဲစခန်းမှာ တိုင်တန်းထားတာကြောင့် မီးရှို့သူကို အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)