Eleven Media ဂ်ာနယ္လစ္ေတြအမႈ မီဒီယာေကာင္စီနဲ႔ အရင္ေျဖရွင္းဖို႔ သမၼတ႐ံုး ညႊန္ၾကား

0
982

Eleven Media ဂ်ာနယ္လစ္ေတြျဖစ္တဲ့ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ေဒါက္တာ မင္းလြင္ (ခ) နရီမင္း၊ သတင္းေထာက္ခ်ဳပ္ ကုိၿဖိဳးေဝ (ခ) ၿဖိဳးေဝဝင္းတို႔ကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ စြဲဆိုထားမႈအေပၚ သတင္းမီဒီယာ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔ ျပည္ေထာင္စု အစိုးရအဖြဲ႔႐ံုးက ညႊန္ၾကားလိုက္ပါတယ္။

Weekly Eleven ဂ်ာနယ္လစ္ သံုးဦးကုိ တရားစြဲဆိုထားမႈနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၁ အရ နစ္နာေသာ အဖြဲ႔အစည္းဌာန၊ ပုဂၢိဳလ္က အရင္ဆံုး ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီကို တိုင္ၾကားဖို႔၊ သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၂ အရ မီဒီယာ ေကာင္စီက ႏွစ္ဖက္ေတြ႔ဆံု ေျဖရွင္းေပးဖို႔နဲ႔ မေျပလည္မွသာ တရား႐ံုးမွာ ဥပေဒနဲ႔အညီ တရားစြဲဖို႔ အစိုးရအဖြဲ႔႐ံုးက ရန္ကုန္တိုင္းေဒသႀကီး အစိုးရကို ေအာက္တိုဘာ ၁၇ ရက္ေန႔က ညႊန္ၾကားလိုက္ေၾကာင္း အင္တာနက္ေပၚမွာ ေပါက္ၾကားလာတဲ့ စာမွာ ေဖာ္ျပထားပါတယ္။

တရားစြဲဆုိခဲ့တဲ့ တရားလုိျဖစ္သူ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခုိင္ကုိ မေန႔က ေအာက္တုိဘာ ၁၇ ရက္မွာပဲ စတင္စစ္ေဆးခဲ့ၿပီး စြပ္စြဲခံရသူဘက္က အခ်ဳပ္လြတ္ ထုေခ်ခြင့္ျပဳဖုိ႔ အာမခံေလွ်ာက္ထားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Eleven Media ဂျာနယ်လစ်တွေအမှု မီဒီယာကောင်စီနဲ့ အရင်ဖြေရှင်းဖို့ သမ္မတရုံး ညွှန်ကြား

Eleven Media ဂျာနယ်လစ်တွေဖြစ်တဲ့ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဒေါက်တာ မင်းလွင် (ခ) နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေ (ခ) ဖြိုးဝေဝင်းတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားမှုအပေါ် သတင်းမီဒီယာ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ညွှန်ကြားလိုက်ပါတယ်။

Weekly Eleven ဂျာနယ်လစ် သုံးဦးကို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်းဌာန၊ ပုဂ္ဂိုလ်က အရင်ဆုံး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားဖို့၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၂ အရ မီဒီယာ ကောင်စီက နှစ်ဖက်တွေ့ဆုံ ဖြေရှင်းပေးဖို့နဲ့ မပြေလည်မှသာ တရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲဖို့ အစိုးရအဖွဲ့ရုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အောက်တိုဘာ ၁၇ ရက်နေ့က ညွှန်ကြားလိုက်ကြောင်း အင်တာနက်ပေါ်မှာ ပေါက်ကြားလာတဲ့ စာမှာ ဖော်ပြထားပါတယ်။

တရားစွဲဆိုခဲ့တဲ့ တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာပဲ စတင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်က အချုပ်လွတ် ထုချေခွင့်ပြုဖို့ အာမခံလျှောက်ထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)