ေက်ာက္တန္းမွာ ယာဥ္ေမာင္းလည္ပင္းကို ဓားနဲ႔လွီးၿပီး တကၠစီကို လုယူ

0
660

ရန္ကုန္တိုင္း၊ ေက်ာက္တန္းၿမိဳ႕နယ္မွာ တကၠစီယာဥ္ေမာင္း လည္ပင္းကို ဓားနဲ႔လွီးၿပီး တကၠစီကားကို လုယူေမာင္းေျပးမႈ ျဖစ္ပြားခဲ့ပါတယ္။

ေအာက္တိုဘာလ ၁၆ ရက္ေန႔ ည ၁၁ နာရီေက်ာ္ အခ်ိန္မွာ ဦးေဇာ္မိုးေအာင္က သာေကတ ႐ႈခင္းသာကေန ေက်ာက္တန္းၿမိဳ႕ ပီလခတ္ ဘုရားေက်ာင္းကို ကားငွားတဲ့အတြက္ လိုက္ပါခဲ့ပါတယ္။ ပီလခတ္ ဘုရားေက်ာင္းအနီး ေရာက္တဲ့အခါမွာ ဦးေဇာ္မိုးေအာင္ (၄၀ ႏွစ္) ရဲ႕ လည္ပင္းကို ဓားနဲ႔ လွီးတဲ့အတြက္ ၅ လက္မခန္႔ ျပတ္ရွဒဏ္ရာရၿပီး ကားေပၚက ဆင္းေျပးခဲ့ပါတယ္။

ဦးေဇာ္မိုးေအာင္က ေက်ာက္တန္းျပည္သူ႔ေဆး႐ံုကတစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးကို ေျပာင္းေရႊ႕ ကုသခဲ့ပါတယ္။ အခင္းျဖစ္ပြားရာကေန ၆ ဖာလံုအကြာ ကားလမ္းဝဲဘက္ ေရေျမာင္းထဲမွာ ခလုတ္ဓား တစ္ေခ်ာင္း သိမ္းဆည္းရမိၿပီး လုယက္သူကို ေက်ာက္တန္းၿမိဳ႕မ ရဲစခန္းက စံုစမ္းရွာေဖြေနဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောက်တန်းမှာ ယာဉ်မောင်းလည်ပင်းကို ဓားနဲ့လှီးပြီး တက္ကစီကို လုယူ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်မှာ တက္ကစီယာဉ်မောင်း လည်ပင်းကို ဓားနဲ့လှီးပြီး တက္ကစီကားကို လုယူမောင်းပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီကျော် အချိန်မှာ ဦးဇော်မိုးအောင်က သာကေတ ရှုခင်းသာကနေ ကျောက်တန်းမြို့ ပီလခတ် ဘုရားကျောင်းကို ကားငှားတဲ့အတွက် လိုက်ပါခဲ့ပါတယ်။ ပီလခတ် ဘုရားကျောင်းအနီး ရောက်တဲ့အခါမှာ ဦးဇော်မိုးအောင် (၄၀ နှစ်) ရဲ့ လည်ပင်းကို ဓားနဲ့ လှီးတဲ့အတွက် ၅ လက်မခန့် ပြတ်ရှဒဏ်ရာရပြီး ကားပေါ်က ဆင်းပြေးခဲ့ပါတယ်။

ဦးဇော်မိုးအောင်က ကျောက်တန်းပြည်သူ့ဆေးရုံကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသခဲ့ပါတယ်။ အခင်းဖြစ်ပွားရာကနေ ၆ ဖာလုံအကွာ ကားလမ်းဝဲဘက် ရေမြောင်းထဲမှာ ခလုတ်ဓား တစ်ချောင်း သိမ်းဆည်းရမိပြီး လုယက်သူကို ကျောက်တန်းမြို့မ ရဲစခန်းက စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)