ဘတ္စ္ကား ၀န္ေဆာင္မႈ အဆင္ျမႇင့္တင္မယ့္ စီမံကိန္းစတင္

0
1090

ရန္ကုန္ၿမိဳ႕ရွိ သယ္ယူပုိ႔ေဆာင္ေရး ဘတ္စ္ကား၀န္ေဆာင္မႈ အဆင့္ျမွင့္မႈ အေနနဲ႔ အေသးစားစီမံကိန္းတစ္ခုကုိ ေအာက္တုိဘာ ၁၆ ရက္ေန႔က စတင္ၿပီး ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ ေရွ႕မဟာဗႏၶဳလ လမ္းမေပၚရွိ ဆူးေလမွတ္တုိင္မွာ ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

ဆူးေလမွတ္တုိင္ယာဥ္ေၾကာပိတ္ဆုိ႔မႈေတြကုိေျဖရွင္းနုိင္ဖုိ႔ သာမက လမ္းေလွ်ာက္သူျပည္သူေတြ အတြက္လုံၿခံဳ စိတ္ခ်မႈရွိေစဖုိ႔ ဘတ္စ္ကား၀န္ေဆာင္မႈ အဆင့္ျမင့္တင္တဲ့ စိီမံကိန္းကုိက႑ တစ္ရပ္အေနနဲ႔ အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။

ယာဥ္ရပ္နားရာေနရာေတြမွာ ခရီးသည္တင္ဘတ္စ္ကားေတြအေနနဲ႔ အျဖဴေရာင္အကြက္ သတ္မွတ္ေနရာမွာ ဆင္းခြင့္ျပဳထားၿပီး မိမိတုိ႔ ဘတ္စ္ကားေတြကုိလည္း မ်ဥ္း၀ါကြက္ေတြမွာ သာ ခရီးသည္အတင္ အခ်ျပဳလုပ္ရမွာ လည္းျဖစ္ပါတယ္ ။အဲဒီလုိရပ္နားတဲ့အခါမွာလည္း ဘတ္စ္ကားနံပါတ္ အလုိက္သတ္မွတ္ေပးထားပါတယ္ ။

အဲဒီစနစ္ကုိ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA ) က JICA ရဲ႕ အကူအညီနဲ႔ ေရွးေျပးစမး္သပ္မႈအေနနဲ႔စတင္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘတ်စ်ကား ဝန်ဆောင်မှု အဆင်မြှင့်တင်မယ့်စီမံကိန်းစတင်

ရန်ကုန်မြို့ရှိ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်မှု အနေနဲ့ အသေးစားစီမံ ကိန်းတစ်ခုကိုအောက်တိုဘာ ၁၆ရက်နေ့ကစတင်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မဟာဗန္ဓုလ လမ်းမပေါ်ရှိ ဆူးလေမှတ်တိုင်မှာပြုလုပ်နေတာလည်းဖြစ်ပါတယ် ။

ဆူးလေမှတ်တိုင်ယာဉ်ကြောပိတ်ဆို့မှုတွေကိုဖြေရှင်းနိုင်ဖို့ သာမက လမ်းလျှောက်သူပြည်သူတွေ အတွက်လုံခြုံ စိတ်ချမှုရှိစေဖို့ ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြင့်တင်တဲ့ စိီမံကိန်းကိုကဏ္ဍ တစ်ရပ်အနေနဲ့ အကောင် အထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ယာဉ်ရပ်နားရာနေရာတွေမှာ ခရီးသည်တင်ဘတ်စ်ကားတွေအနေနဲ့ အဖြူရောင်အကွက် သတ်မှတ်နေရာမှာ ဆင်းခွင့်ပြုထားပြီး မိမိတို့ ဘတ်စ်ကားတွေကိုလည်း မျဉ်းဝါကွက်တွေမှာ သာ ခရီးသည်အတင် အချပြုလုပ်ရမှာ လည်းဖြစ်ပါတယ် ။အဲဒီလိုရပ်နားတဲ့အခါမှာလည်း ဘတ်စ်ကားနံပါတ် အလိုက်သတ်မှတ်ပေးထားပါတယ် ။

အဲဒီစနစ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA ) က JICA ရဲ့ အကူအညီနဲ့ ရှေးပြေးစမး်သပ်မှုအနေနဲ့စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)