ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံမှုမှာ ကွန်ဂရက် ဝင်မပါဖို့ မစ်ခ်ျ မက်ခ်ကော်နယ် ပြော
0
252
အရပ်ဖက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်နေသေးကြောင်းနဲ့ သူ့အပေါ် နိုင်ငံတကာက အပြစ်ပုံချနေတဲ့အပေါ် ကွန်ဂရက်က ဝင်ပါတာဟာ အကျိုးမရှိကြောင်း ရီပတ်ဘီကန် ခေါင်းဆောင် မစ်ခ်ျ မက်ခ်ကော်နယ်က ပြောကြားလိုက်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံမှုမှာ ကွန်ဂရက် ဝင်မပါဖို့ မစ်ချ် မက်ခ်ကော်နယ် ပြော
အရပ်ဖက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်နေသေးကြောင်းနဲ့ သူ့အပေါ် နိုင်ငံတကာက အပြစ်ပုံချနေတဲ့အပေါ် ကွန်ဂရက်က ဝင်ပါတာဟာ အကျိုးမရှိကြောင်း ရီပတ်ဘီကန် ခေါင်းဆောင် မစ်ချ် မက်ခ်ကော်နယ်က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေး ချဲ့ကားပြောဆိုနေကြတာ အကျိုးမရှိကြောင်း၊ အဲဒီကိစ္စထဲ ဝင်ပါတာဟာ စစ်မှန်တဲ့ မြန်မာ့ဒီမိုကရေစီ ရှေ့ရေးအတွက် မူဝါဒကောင်း မဖြစ်နိုင်ကြောင်းလည်း မစ္စာ မက်ခ်ကော်နယ်က Reuters သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ မစ္စတာ မက်ခ်ကော်နယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာကတည်းက အလွန်ရင်းနှီးခဲ့သူဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူ ဖြစ်ပါတယ်။
ကျွန်တော့် တသီးပုဂ္ဂလ အမြင်ကတော့ အမေရိကန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဦးတည်းဖြစ်အောင် လုပ်နေတယ်၊ သူ့ကိုသွားပြီး သြဝါဒပေး လက်ချာရိုက်နေတာဟာ ကူညီရာမရောက်ဘူးလို့ မစ္စတာ မက်ခ်ကော်နယ်က မနှစ်က ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ပြောခဲ့ပါသေးတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)