ဂ်ပန္မွာ လာေရာက္ေဟာေျပာမယ့္ ေဒါက္တာ ဇာနည္ကို ျမန္မာေတြ ကန္႔ကြက္

0
346

ဂ်ပန္ႏိုင္ငံမွာ လာေရာက္ေဟာေျပာဖို႔ ရွိေနတဲ့ ေဒါက္တာ ဇာနည္ ေခၚ ေမာင္ဇာနည္ကို ဂ်ပန္ေရာက္ ျမန္မာေတြက လက္မွတ္ေရးထိုး ကန္႔ကြက္တဲ့ လႈပ္ရွားမႈကို စတင္ေနပါတယ္။

ျမန္မာႏုိင္ငံ ဒီမုိကေရစီ ရရွိေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ လက္တြဲလုပ္ကုိင္ခဲ့တဲ့ မိတ္ေဆြ ဂ်ပန္ အဖြဲ႔အစည္းေတြ အေနနဲ႔ ေမာင္ဇာနည္ရဲ႕ ေဟာေျပာခ်က္ေတြကုိ အမွန္လို႔ ထင္ျမင္မွာကုိ စုိးရိမ္ေၾကာင္းနဲ႔ ျမန္မာျပည္ရဲ႕ လူ႔အခြင့္အေရး အေျခအေနေတြကုိ မွန္ကန္စြာသိရွိဖုိ႔ အေရးႀကီးေၾကာင္း ဂ်ပန္ေရာက္ ျမန္မာေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတယ္လို႔ RFA သတင္းမွာ ေဖာ္ျပထားပါတယ္။

ေၾကညာခ်က္ေတြကုိ အဂၤလိပ္၊ ျမန္မာ၊ ဂ်ပန္ သုံးဘာသာနဲ႔ ျဖန္႔ေဝေနပါတယ္။ ေဒါက္တာ ဇာနည္ဟာ ဂ်ပန္ႏိုင္ငံကို ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ လာေရာက္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလတုန္းက ကေနဒါႏိုင္ငံမွာ သြားေရာက္ ေဟာေျပာစဥ္ကလည္း ႐ိုဟင္ဂ်ာအေရး လံႈ႕ေဆာ္သူ ေဒါက္တာ ဇာနည္ဟာ ေဟာေျပာေနစဥ္အတြင္း ကန္႔ကြက္ဆန္႔က်င္မႈေတြ ႀကံဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ လာရောက်ဟောပြောမယ့် ဒေါက်တာ ဇာနည်ကို မြန်မာတွေ ကန့်ကွက်

ဂျပန်နိုင်ငံမှာ လာရောက်ဟောပြောဖို့ ရှိနေတဲ့ ဒေါက်တာ ဇာနည် ခေါ် မောင်ဇာနည်ကို ဂျပန်ရောက် မြန်မာတွေက လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုကို စတင်နေပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်ခဲ့တဲ့ မိတ်ဆွေ ဂျပန် အဖွဲ့အစည်းတွေ အနေနဲ့ မောင်ဇာနည်ရဲ့ ဟောပြောချက်တွေကို အမှန်လို့ ထင်မြင်မှာကို စိုးရိမ်ကြောင်းနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မှန်ကန်စွာသိရှိဖို့ အရေးကြီးကြောင်း ဂျပန်ရောက် မြန်မာတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။

ကြေညာချက်တွေကို အင်္ဂလိပ်၊ မြန်မာ၊ ဂျပန် သုံးဘာသာနဲ့ ဖြန့်ဝေနေပါတယ်။ ဒေါက်တာ ဇာနည်ဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၂၃ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းက ကနေဒါနိုင်ငံမှာ သွားရောက် ဟောပြောစဉ်ကလည်း ရိုဟင်ဂျာအရေး လှုံ့ဆော်သူ ဒေါက်တာ ဇာနည်ဟာ ဟောပြောနေစဉ်အတွင်း ကန့်ကွက်ဆန့်ကျင်မှုတွေ ကြုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)