႐ိုဟင္ဂ်ာေတြရဲ႕ မူရင္းဇာတိဟာ  ဘဂၤလားေဒ့ရွ္လို႔ သင္႐ိုးညႊန္းတမ္းမွာ ေဖာ္ျပထား

0
578

ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာလို႔ ကိုယ့္ကုိယ္ကို အမည္ေပး ေခၚေဝၚေနၾကသူေတြဟာ မူလအားျဖင့္ ဘဂၤလားေဒ့ရွ္ကေန ေရႊ႕ေျပာင္းအေျခခ်ခဲ့ၾကသူေတြ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အ႒မတန္း သင္႐ိုးညႊန္းတမ္း စာအုပ္မွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ အမ်ိဳးသား သင္႐ိုးညႊန္းတမ္းနဲ႔ ျပဌာန္းစာအုပ္ ဘုတ္အဖြဲ႔ (NCTB) ရဲ႕ အ႒မတန္း ျပဌာန္းစာအုပ္မွာ ဘိုင္ပရာဒက္ရွ္ ဘ႐ူးဝါး ေရးသားတဲ့ “ေမာင္ေတာသို႔ သြားရာလမ္း” Maungdawr Pothey (On the Way to Maungdaw) ဆိုတဲ့ ေခါင္းစဥ္နဲ႔ ခရီးသြားေဆာင္းပါးကို ေဖာ္ျပထားပါတယ္။

အဲဒီထဲမွာ ရခိုင္ျပည္နယ္ ေမာင္ေတာေဒသမွာ ေနထိုင္ေနၾကတဲ့ မြတ္စလင္နဲ႔ ဟိႏၵဴေတြဟာ မူရင္းႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ စစ္တေကာင္းနယ္ကေန ေရႊ႕ေျပာင္း အေျခခ်လာခဲ့သူေတြျဖစ္ေၾကာင္း ေရးသားထားပါတယ္။

လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံအတြင္း  အျငင္းပြားဖြယ္ရာျဖစ္ေစတဲ့  အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး စစ္ေဆးမႈေတြလုပ္ဖို႔ ဘဂၤလားေဒ့ရွ္ ပညာေရးဝန္ႀကီးဌာနကို ေတာင္းဆုိထားပါတယ္။

ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာ ဆိုသူေတြကို ဘဂၤလားေဒရွ္႕ကေန တရားမဝင္ ေရာက္ရွိလာတဲ့ ဘဂၤါလီ အျဖစ္ ေခၚေဝၚၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုဟင်ဂျာတွေရဲ့ မူရင်းဇာတိဟာ ဘင်္ဂလားဒေ့ရှ်လို့ သင်ရိုးညွှန်းတမ်းမှာ ဖော်ပြထား

ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို အမည်ပေး ခေါ်ဝေါ်နေကြသူတွေဟာ မူလအားဖြင့် ဘင်္ဂလားဒေ့ရှ်ကနေ ရွှေ့ပြောင်းအခြေချခဲ့ကြသူတွေ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဋ္ဌမတန်း သင်ရိုးညွှန်းတမ်း စာအုပ်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသား သင်ရိုးညွှန်းတမ်းနဲ့ ပြဌာန်းစာအုပ် ဘုတ်အဖွဲ့ (NCTB) ရဲ့ အဋ္ဌမတန်း ပြဌာန်းစာအုပ်မှာ ဘိုင်ပရာဒက်ရှ် ဘရူးဝါး ရေးသားတဲ့ “မောင်တောသို့ သွားရာလမ်း” Maungdawr Pothey (On the Way to Maungdaw) ဆိုတဲ့ ခေါင်းစဉ်နဲ့ ခရီးသွားဆောင်းပါးကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေထိုင်နေကြတဲ့ မွတ်စလင်နဲ့ ဟိန္ဒူတွေဟာ မူရင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနယ်ကနေ ရွှေ့ပြောင်း အခြေချလာခဲ့သူတွေဖြစ်ကြောင်း ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အငြင်းပွားဖွယ်ရာဖြစ်စေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ပညာရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုသူတွေကို ဘင်္ဂလားဒေရှ့်ကနေ တရားမဝင် ရောက်ရှိလာတဲ့ ဘင်္ဂါလီ အဖြစ် ခေါ်ဝေါ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)