အလုပ္သမားေတြရဲ႕ ျပႆနာေတြကို လုပ္ငန္းတူ၊ က႑တူ စုစည္းၿပီး ညိွႏႈိင္း (႐ုပ္/သံ)

0
195

စက္႐ုံ၊ အလုပ္႐ုံေတြမွာ ျဖစ္ပြားေနတဲ့ အလုပ္သမားေတြရဲ႕ ျပႆနာေတြကုိ လုပ္ငန္းတူ၊ က႑တူ စုစည္းၿပီး ေတာင္းဆုိညွိႏႈိင္းမႈေတြ ျပဳလုပ္နုိင္ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ျမန္မာနုိင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ မင္းျပည့္ႏိုင္ကေပးပို႔ထားၿပီး စိုင္းဟန္က တင္ဆက္ထားပါတယ္။

လတ္တေလာျဖစ္ပြားေနတဲ့ အလုပ္ရွင္၊ အလုပ္သမားေရးရာအျငင္းပြားမႈျပသနာေတြ ေျဖရွင္းေဆာင္ရြက္ရာမွာ စက္႐ုံတစ္ခုခ်င္းစီမဟုတ္ဘဲ စက္႐ုံအလုပ္႐ုံေတြက လုပ္ငန္းတူ၊ က႑တူေတြ စုေပါင္းၿပီး ညွိႏႈိင္းေတာင္း ဆုိမႈေတြျပဳလုပ္နုိင္ဖို႔ အလုပ္ရွင္၊ အလုပ္သမားေတြ႔ဆုံ ညိွႏိႈင္းအေျဖရွာတ့ဲ ဖိုရမ္မွာ တိုက္တြန္းသြားမယ္လို႔ ျမန္မာနုိင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေျပာပါတယ္။

စက္တင္ဘာ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆီဒိုနားဟိုတယ္မွာက်င္းပတဲ့ အလုပ္ရွင္နဲ႔ အလုပ္သမားၾကား ညိွႏိႈင္းေတာင္းဆိုမႈေတြနဲ႔ပတ္သက္ၿပီး အစိုးရ၊ အလုပ္ရွင္နဲ႔ အလုပ္သမား ေတြ႔ဆုံညိွႏိႈင္းအေျဖရွာတ့ဲ ဖိုရမ္တစ္ခု ျပဳလုပ္ခဲ့တာပါ။

Soundbites – ေဒၚ၀င္းသိဂီၤစိုး (အလုပ္အမႈေဆာင္ ဗဟိုေကာ္မတီ၀င္)
ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢ မ်ားအဖြဲ႕႔ခ်ဴပ္ (CTUM)

ဒါ့အျပင္ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈေတြမွာ စက္မႈဇုန္အလိုက္ က႑တူလုပ္ငန္းေတြ စုေပါင္း ေတာင္းဆိုညိွႏိႈင္းမႈရဲ႕ သေဘာတရားေတြကို အလုပ္ရွင္၊ အလုပ္သမားေတြအေနနဲ႕ နားလည္မွသာ က႑တူ လုပ္ငန္းအခ်င္းခ်င္း အဆင့္ဆင့္ေျပလည္ေအာင္ ညွိႏႈိင္းေဆာင္ရြက္ႏိုင္မွာျဖစ္တယ္လုိ႔ အလုပ္သမားညႊန္ၾကား မႈဦးစီးဌာနက ေျပာပါတယ္။

Soundbites–ဦး၀င္းရွိန္(ညြန္ၾကားေရးမွဴးခ်ဴပ္)
အလုပ္သမားညြန္ၾကားေရးဦးစီးဌာန
အဲဒီ ေဆြးေႏြးပြဲမွာ အစိုးရဘက္က တာ၀န္ရွိသူေတြ၊ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြ အပါအ၀င္ အလုပ္သမား ကိုယ္စားလွယ္ေတြလည္း တက္ေရာက္ခဲ့ၾကၿပီး အလုပ္သမားေတြရဲ႕ လုပ္ခလစာ၊ က်န္းမာေရး စတဲ့ အခ်က္ ေတြနဲ႔ အလုပ္သမားရသင့္ရထုိက္တဲ့ အခြင့္အေရးေတြကုိ အဓိကထားေဆြးေႏြးခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံ၊ အလုပ်ရုံတွေမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို လုပ်ငန်းတူ၊ ကဏ္ဍတူ စုစည်းပြီး တောင်းဆိုညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းပြည့်နိုင်ကပေးပို့ထားပြီး စိုင်းဟန်က တင်ဆက်ထားပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ အလုပ်ရှင်၊ အလုပ်သမားရေးရာအငြင်းပွားမှုပြသနာတွေ ဖြေရှင်းဆောင်ရွက်ရာမှာ စက်ရုံတစ်ခုချင်းစီမဟုတ်ဘဲ စက်ရုံအလုပ်ရုံတွေက လုပ်ငန်းတူ၊ ကဏ္ဍတူတွေ စုပေါင်းပြီး ညှိနှိုင်းတောင်း ဆိုမှုတွေပြုလုပ်နိုင်ဖို့ အလုပ်ရှင်၊ အလုပ်သမားတွေ့ဆုံ ညှိနှိုင်းအဖြေရှာတဲ့ ဖိုရမ်မှာ တိုက်တွန်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာကျင်းပတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့ ဖိုရမ်တစ်ခု ပြုလုပ်ခဲ့တာပါ။

Soundbites – ဒေါ်ဝင်းသိင်္ဂီစိုး (အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ များအဖွဲ့ချူပ် (CTUM)

ဒါ့အပြင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ စက်မှုဇုန်အလိုက် ကဏ္ဍတူလုပ်ငန်းတွေ စုပေါင်း တောင်းဆိုညှိနှိုင်းမှုရဲ့ သဘောတရားတွေကို အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ နားလည်မှသာ ကဏ္ဍတူ လုပ်ငန်းအချင်းချင်း အဆင့်ဆင့်ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြား မှုဦးစီးဌာနက ပြောပါတယ်။

Soundbites–ဦးဝင်းရှိန်(ညွန်ကြားရေးမှူးချူပ်)
အလုပ်သမားညွန်ကြားရေးဦးစီးဌာန
အဲဒီ ဆွေးနွေးပွဲမှာ အစိုးရဘက်က တာဝန်ရှိသူတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေ အပါအဝင် အလုပ်သမား ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ ကျန်းမာရေး စတဲ့ အချက် တွေနဲ့ အလုပ်သမားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အဓိကထားဆွေးနွေးခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)