မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ရွိ တည္းခုိခန္းမွာ လူသတ္မႈ ျဖစ္

0
276

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ ေတာင္လုံးျပန္ရပ္ကြက္၊ အထက္ပုဇြန္ေတာင္လမ္း၊ ေရေက်ာ္မီးပြိဳင့္အနီးရွိ ရြိဳင္ရယ္တည္းခုိခန္းမွာ လာေရာက္တည္းခိုတဲ့ အမ်ိဳးသားတစ္ဦး အသတ္ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။


မဂၤလာေတာင္ညြန္႔ၿမိဳ႕မ ရဲစခန္းက စစ္ေဆးခဲ့ရာ အမည္မသိ အမ်ိဳးသားဟာ အခန္းအမွတ္ (၁၀)ရွိ အိပ္ရာခုတင္ေပၚမွာ ဝမ္းဗုိက္အထက္ပုိင္း ထုိးသြင္းဒဏ္ရာ ၁ ခ်က္၊ ေက်ာျပင္ယာဘက္ ထုိးသြင္ဒဏ္ရာ ၁ ခ်က္နဲ႔ ေသဆံုးေနတာ ျဖစ္ပါတယ္။

သူဟာ စက္တင္ဘာ ၁၆ ရက္ေန႔ မနက္ပိုင္းက အမ်ိဳးသမီးတစ္ဦးနဲ႔ အတူ လာေရာက္ တည္းခိုေနတာ ျဖစ္ပါတယ္။ အခ်ိန္ပုိင္း တည္းခုိခဲ့တဲ့အတြက္ ကုိယ္ေရးအခ်က္အလက္မ်ား ရယူခဲ့ျခင္း မရွိေၾကာင္း၊ အမည္မသိ အမ်ိဳးသမီးမွာ တည္းခုိတဲ့ အခန္းကေန တစ္ဦးတည္း ျပန္ထြက္သြားသျဖင့္ ခဏအၾကာမွာ တည္းခုိခန္းမန္ေနဂ်ာက တံခါးေခါက္ေပမယ့္ မထူးတဲ့အတြက္ တံခါးဖြင့္ၾကည့္ခဲ့တာ ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းမှာ လူသတ်မှု ဖြစ်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ်တည်းခိုခန်းမှာ လာရောက်တည်းခိုတဲ့ အမျိုးသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသားဟာ အခန်းအမှတ် (၁၀)ရှိ အိပ်ရာခုတင်ပေါ်မှာ ဝမ်းဗိုက်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ကျောပြင်ယာဘက် ထိုးသွင်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

သူဟာ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတစ်ဦးနဲ့ အတူ လာရောက် တည်းခိုနေတာ ဖြစ်ပါတယ်။ အချိန်ပိုင်း တည်းခိုခဲ့တဲ့အတွက် ကိုယ်ရေးအချက်အလက်များ ရယူခဲ့ခြင်း မရှိကြောင်း၊ အမည်မသိ အမျိုးသမီးမှာ တည်းခိုတဲ့ အခန်းကနေ တစ်ဦးတည်း ပြန်ထွက်သွားသဖြင့် ခဏအကြာမှာ တည်းခိုခန်းမန်နေဂျာက တံခါးခေါက်ပေမယ့် မထူးတဲ့အတွက် တံခါးဖွင့်ကြည့်ခဲ့တာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)