အသက္ ၈ ႏွစ္အရြယ္ မူလတန္းေက်ာင္းသား ေနာ္ေဝ သုေတသန ေရယာဥ္ေပၚ ေလ့လာခြင့္ရ

0
815

ငါး၊ ငါးမန္းနဲ႔ ဂဏန္းေတြကို စိတ္ဝင္စားတဲ့ အသက္ ၈ ႏွစ္အရြယ္ မူလတန္းေက်ာင္းသား ျမန္မာကေလးငယ္ဟာ ေနာ္ေဝႏိုင္ငံက ေရာက္လာတဲ့ သုေတသနလုပ္ငန္းသုံးေရယာဥ္ ေဒါက္တာဖရစ္ေဂ်ာ့ဖ္နန္ဆင္အေပၚ တက္ေရာက္ေလ့လာခြင့္ ရခဲ့ပါတယ္။

ILBC မွာ တက္ေရာက္ေနတဲ့ ေမာင္ေဝဟင္ထြန္းထြန္း (ခ) ဝီလ်ံဟာ ငါးေတြ၊ အႏုၾကည့္မွန္ေျပာင္းေတြပါတဲ့ သုေတသနေရယာဥ္ ေနာ္ေဝက ေရာက္ရွိလာမယ္လို႔ သူ႔မိခင္ထံက သိရလို႔ သေဘၤာေပၚ တက္ၾကည့္ခ်င္ခဲ့ေပမယ့္ ကေလးေတြ တက္လို႔ရမွာ မဟုတ္ဘူးလို႔ မိခင္က ေျပာခဲ့ပါတယ္။

အဲဒီေနာက္ ေမာင္ေဝဟင္ထြန္းထြန္းက ျမန္မာႏိုင္ငံဆိုင္ရာ ေနာ္ေဝသံအမတ္ႀကီးထံ သေဘၤာေပၚ တက္ေရာက္ ေလ့လာလိုေၾကာင္းနဲ႔ သေဘၤာေပၚမွာ သူ ေကာင္းေကာင္း ျပဳမူေနထိုင္မယ့္အေၾကာင္း စာေရးသား ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။ ေရယာဥ္အမႈထမ္းေတြက ေမာင္ေဝဟင္ထြန္းထြန္းနဲ႔ မိခင္တို႔ကို ေရယာဥ္တစ္ပတ္ တာဝန္ယူ လွည့္လည္ျပသေပးပါမယ္လို႔ အေၾကာင္းျပန္လာခဲ့ၿပီး ေရယာဥ္မွဴးႀကီး အာရြန္ဟာပိုလ္ဒြိဳင္းက လက္ခံႀကိဳဆိုခဲ့ၿပီး ေရယာဥ္အရာရွိခ်ဳပ္ကိုယ္တိုင္ ေရယာဥ္တစ္ေလွ်ာက္ လိုက္လံျပသေပးခဲ့ပါတယ္။

အနာဂတ္မွာ သိပၸံပညာရွင္တစ္ဦး ျဖစ္လာမယ့္ ျမန္မာကေလးငယ္တစ္ဦးကို ကမ္း႐ိုးတန္းသြား ေဒါက္တာဖရစ္ေဂ်ာ့ဖ္နန္ဆင္ ေရယာဥ္ေပၚမွာ လက္ခံႀကိဳဆိုခြင့္၊ လိုက္လံျပသခြင့္ ရရွိခဲ့တဲ့အတြက္ အထူးပင္ဂုဏ္ယူဝမ္းေျမာက္မိတယ္လို႔ ေနာ္ေဝသံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် ၈ နှစ်အရွယ် မူလတန်းကျောင်းသား နော်ဝေ သုတေသန ရေယာဉ်ပေါ် လေ့လာခွင့်ရ

ငါး၊ ငါးမန်းနဲ့ ဂဏန်းတွေကို စိတ်ဝင်စားတဲ့ အသက် ၈ နှစ်အရွယ် မူလတန်းကျောင်းသား မြန်မာကလေးငယ်ဟာ နော်ဝေနိုင်ငံက ရောက်လာတဲ့ သုတေသနလုပ်ငန်းသုံးရေယာဉ် ဒေါက်တာဖရစ်ဂျော့ဖ်နန်ဆင်အပေါ် တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။

ILBC မှာ တက်ရောက်နေတဲ့ မောင်ဝေဟင်ထွန်းထွန်း (ခ) ဝီလျံဟာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေပါတဲ့ သုတေသနရေယာဉ် နော်ဝေက ရောက်ရှိလာမယ်လို့ သူ့မိခင်ထံက သိရလို့ သင်္ဘောပေါ် တက်ကြည့်ချင်ခဲ့ပေမယ့် ကလေးတွေ တက်လို့ရမှာ မဟုတ်ဘူးလို့ မိခင်က ပြောခဲ့ပါတယ်။

အဲဒီနောက် မောင်ဝေဟင်ထွန်းထွန်းက မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးထံ သင်္ဘောပေါ် တက်ရောက် လေ့လာလိုကြောင်းနဲ့ သင်္ဘောပေါ်မှာ သူ ကောင်းကောင်း ပြုမူနေထိုင်မယ့်အကြောင်း စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ်အမှုထမ်းတွေက မောင်ဝေဟင်ထွန်းထွန်းနဲ့ မိခင်တို့ကို ရေယာဉ်တစ်ပတ် တာဝန်ယူ လှည့်လည်ပြသပေးပါမယ်လို့ အကြောင်းပြန်လာခဲ့ပြီး ရေယာဉ်မှူးကြီး အာရွန်ဟာပိုလ်ဒွိုင်းက လက်ခံကြိုဆိုခဲ့ပြီး ရေယာဉ်အရာရှိချုပ်ကိုယ်တိုင် ရေယာဉ်တစ်လျှောက် လိုက်လံပြသပေးခဲ့ပါတယ်။

အနာဂတ်မှာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာမယ့် မြန်မာကလေးငယ်တစ်ဦးကို ကမ်းရိုးတန်းသွား ဒေါက်တာဖရစ်ဂျော့ဖ်နန်ဆင် ရေယာဉ်ပေါ်မှာ လက်ခံကြိုဆိုခွင့်၊ လိုက်လံပြသခွင့် ရရှိခဲ့တဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ နော်ဝေသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)