
0
237




>>>>>>>>>>>>>>>>>>>>>>>>>>>>>

၏ထောင်ဖောက်ပြေးသူတွေထဲက ၇ ဦး ထပ်မံ ဖမ်းမိ

ကရင်ပြည်နယ်၊ ဘားအံထောင်မှာ စက်တင်ဘာ ၁၆ ရက်နေ့က ထောင်ဖောက်ပြေးသူ ၄၁ ဦးအနက် ၁၄ ဦးကို တစ်ရက်အတွင်း ဖမ်းမိခဲ့ပြီး နောက်ထပ် ၄ ဦးနဲ့ ၃ ဦးကိုလည်း သီးခြားစီ မနေ့က စက်တင်ဘာ ၁၇ ရက်မှာ ဖမ်းမိခဲ့ပါတယ်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာလူငယ်အဖွဲ့တွေ ပူးပေါင်းပြီး ပိတ်ဆို့ စစ်ဆေး ရှာဖွေရာ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အကျဉ်းသား အောင်ဆန်းဦး (၂၂ နှစ်)၊ မျိုးမင်းမြတ် (၂၉ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်)၊ မြင့်ထွန်း (ခ) ဒဘူလာ (၂၉ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ညနေပိုင်းမှာ အကျဉ်းသား ဝင်းသိန်း (ခ) အရှည်ကြီး၊ စောမြင့်စိုး (ခ) စောသံမဏိ (၄၅ နှစ်)၊ အောင်မြင့်လင်း (ခ) မြင့်လင်း (၃၉ နှစ်) တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)