ဒုုကၡသည္စခန္းမွာ စာရင္းေကာက္တာ မရွိဘူးလို႔ ေနရပ္ျပန္လာသူ ေျပာ

0
270

ဘဂၤလားေဒ့ရွ္ အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံဘက္ကို ျပန္လည္ပို႔ေဆာင္ေရးနဲ႔ပတ္သက္ၿပီး လာေရာက္ စာရင္းေကာက္ခံမႈေတြ မေတြ႔ရဘူးလို႔ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္လာသူ တစ္ဦးျဖစ္တဲ့ မာမတ္ေရွာ္ရိပ္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ဒုကၡသည္ဘဝနဲ႔ ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ၾကားတာက ျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရအၾကား ျပန္လည္လက္ခံေရး နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးတယ္ဆိုတဲ့ အေၾကာင္းကို ၾကားသိရပါတယ္၊ အဲဒီလိုၾကားရတဲ့အတြက္ ျမန္မာႏိုင္ငံဘက္ကို ျပန္လာခ်င္တဲ့သူေတြအားလုံး ဝမ္းသာၾကပါတယ္လို႔လည္း သူက ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျဖထားပါတယ္။

ဒုကၡသည္စခန္းမွာေနရစဥ္ အဆိုးဆုံးက အၾကမ္းဖက္သမားေတြရဲ႕ လႊမ္းမိုးမႈဒဏ္ကို မခံစားႏိုင္တာက အဓိကအခက္အခဲ ျဖစ္ေၾကာင္း၊ အၾကမ္းဖက္သမားေတြက ျမန္မာႏိုင္ငံဘက္မွာလည္း ဒုကၡေပးမႈေတြ ရွိသလို ဘဂၤလားေဒ့ရွ္ ဘက္မွာလည္း ဒုကၡေပးမႈေတြ ရွိေၾကာင္း မာမတ္ေရွာ္ရိပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်းမှာ စာရင်းကောက်တာ မရှိဘူးလို့ နေရပ်ပြန်လာသူ ပြော

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး လာရောက် စာရင်းကောက်ခံမှုတွေ မတွေ့ရဘူးလို့ မိမိဆန္ဒအလျောက် နေရပ်ပြန်လာသူ တစ်ဦးဖြစ်တဲ့ မာမတ်ရှော်ရိပ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ဘဝနဲ့ နေတဲ့အချိန်မှာ ကျွန်တော်တို့ ကြားတာက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအကြား ပြန်လည်လက်ခံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတယ်ဆိုတဲ့ အကြောင်းကို ကြားသိရပါတယ်၊ အဲဒီလိုကြားရတဲ့အတွက် မြန်မာနိုင်ငံဘက်ကို ပြန်လာချင်တဲ့သူတွေအားလုံး ဝမ်းသာကြပါတယ်လို့လည်း သူက ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

ဒုက္ခသည်စခန်းမှာ နေရစဉ် အဆိုးဆုံးက အကြမ်းဖက်သမားတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို မခံစားနိုင်တာက အဓိကအခက်အခဲ ဖြစ်ကြောင်း၊ အကြမ်းဖက်သမားတွေက မြန်မာနိုင်ငံဘက်မှာလည်း ဒုက္ခပေးမှုတွေ ရှိသလို ဘင်္ဂလားဒေ့ရှ် ဘက်မှာလည်း ဒုက္ခပေးမှုတွေ ရှိကြောင်း မာမတ်ရှော်ရိပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)