ဘားအံေထာင္ ေဖာက္ေျပးမႈေၾကာင့္ ထိုင္း တာ့ခ္ခ႐ိုင္ နယ္စပ္လံုၿခံဳေရး တင္းက်ပ္

0
243

ကရင္ျပည္နယ္၊ ဘားအံအက်ဥ္းေထာင္ ေဖာက္ေျပးမႈ ျဖစ္ပြားၿပီးေနာက္ ထိုင္းႏိုင္ငံေျမာက္ပိုင္း ထိုင္း-ျမန္မာ နယ္စပ္၊ တာ့ခ္ခ႐ိုင္ တလွ်ာက္မွာ ထိုင္းႏိုင္ငံက လံုၿခံဳေရး တင္းက်ပ္လိုက္ပါတယ္။

ဘားအံေထာင္ကေန ေထာင္သား ၄၁ ဦး ထရပ္ကားနဲ႔ ေထာင္တံခါးေတြကို တိုက္ဖြင့္ကာ ေထာင္ေဖာက္ေျပးခဲ့ၿပီး ၂၁ ဦး ျပန္ဖမ္းမိကာ ၂ဝ ဦး လြတ္ေျမာက္ေနပါေသးတယ္။ ထိုင္းစစ္တပ္ကို နယ္စပ္မွာ တပ္ခ်ထားပါတယ္။

မဲေဆာက္မွာ ထိုင္းရဲစခန္းေတြ၊ နယ္ျခားေစာင့္တပ္ေတြ၊ လူဝင္မႈႀကီးၾကပ္ေရး အရာရွိေတြက ေထာင္ေဖာက္ေျပးမႈ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။ ထြက္ေျပးလြတ္ေျမာက္ေနတဲ့ အက်ဥ္းသားေတြဟာ ထိုင္း-ျမန္မာ နယ္စပ္ကို ျဖတ္ၿပီး ထိုင္းနယ္ေျမထဲ ဝင္လာဖို႔ ႀကိဳးပမ္းႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘားအံထောင် ဖောက်ပြေးမှုကြောင့် ထိုင်း တာ့ခ်ခရိုင် နယ်စပ်လုံခြုံရေး တင်းကျပ်

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင် တလျှာက်မှာ ထိုင်းနိုင်ငံက လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။

ဘားအံထောင်ကနေ ထောင်သား ၄၁ ဦး ထရပ်ကားနဲ့ ထောင်တံခါးတွေကို တိုက်ဖွင့်ကာ ထောင်ဖောက်ပြေးခဲ့ပြီး ၁၈ ဦးသာ ပြန်ဖမ်းမိကာ ၂၃ ဦး လွတ်မြောက်နေပါသေးတယ်။ ထိုင်းစစ်တပ်ကို နယ်စပ်မှာ တပ်ချထားပါတယ်။

မဲဆောက်မှာ ထိုင်းရဲစခန်းတွေ၊ နယ်ခြားစောင့်တပ်တွေ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ထောင်ဖောက်ပြေးမှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေဟာ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး ထိုင်းနယ်မြေထဲ ဝင်လာဖို့ ကြိုးပမ်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)