လူငယ်တွေ ကိုယ်တိုင်ဝါသနာပါတဲ့ လမ်းကြောင်းကနေ တစိုက်မတ်မတ် ကြိုးစားသင့် (ရုပ်/သံ)

0
224


ကာတွန်းဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ ကာတွန်းရေးဆွဲခြင်းပညာကို မိမိကိုယ်တိုင် စိတ်ဝင်စားတဲ့ လမ်းကြောင်းကနေ တစ်စိုက်မတ်မတ်ကြိုးစားပြီး လုပ်ဆောင်ပါက ထူးချွန်တဲ့ ကာတွန်းဆရာတွေဖြစ်လာနိုင်တဲ့အပြင် အသက်မွေးဝမ်းကြောင်းအတတ်ပညာရပ်အဖြစ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ လူငယ်ကာတွန်းဆရာ ကာတွန်းအာကာက ပြောပါတယ်။






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာတွန်းဝါသနာပါတဲ့လူငယ်တွေ ကာတွန်းရေးဆွဲခြင်းအနုပညာကို ကိုယ်တိုင်ဝါသနာပါတဲ့တဲ့ လမ်းကြောင်းကနေ တစိုက်မတ်မတ်ကြိုးစားပြီး သင်ယူသင့်တယ်လို့ လူငယ်ကာတွန်းဆရာကာတွန်း အာကာက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ကာတွန်းဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ ကာတွန်းရေးဆွဲခြင်းပညာကို မိမိကိုယ်တိုင် စိတ်ဝင်စားတဲ့ လမ်းကြောင်းကနေ တစ်စိုက်မတ်မတ်ကြိုးစားပြီး လုပ်ဆောင်ပါက ထူးချွန်တဲ့ ကာတွန်းဆရာတွေဖြစ်လာနိုင်တဲ့အပြင် အသက်မွေးဝမး်ကြောင်းအတတ်ပညာရပ်အဖြစ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ လူငယ်ကာတွန်းဆရာ ကာတွန်းအာကာက ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရုံးမှာပြုလုပ်တဲ့ ကာတွန်းပညာရပ် မျှဝေခြင်းအစီအစဉ်ပြုလုပ်ခဲ့တာပါ။

Soundbites- ကာတွန်းအာကာ
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း

အခုခေတ်လူငယ်တွေဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် ကာတွန်းနဲ့ စာပေတွေကို ဖတ်ရူမှု အားနည်းမှုတွေ ရှိလာတာပါ။ အဲဒါကြောင့် စာပေဖတ်ရှုမှုမြင့်တက်စေဖို့ မိဘတွေကဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့လိုအပ်နေပါတယ် ။

Soundbites- ကာတွန်းအာကာ
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှာ မျှဝေခြင်းအစီအစဉ်ပြုလုပ်တာ ၆ ကြိမ်မြောက်ရှိတာဖြစ်ပြီး ဒီကနေ့မျှဝေခြင်းအစီအစဉ် ဆွေးနွေးပွဲမှာ ကာတွန်းဆရာအာကာက ကာတွန်းအစုံသုပ်ခေါင်းစဉ်နဲ့ ဟော ပြောခဲ့ပြီး တက်ရောက်လာတဲ့ ကာတွန်းဆရာတွေ အပါအဝင် ကာတွန်းဝါသနာရှင်တွေက အပြန်အ လှန်ဆွေးနွေးခဲ့ကြပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)