တ႐ုတ္ႏုိင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ကို လူႀကိဳက္မ်ားမႈ ျမင့္တက္

0
345

ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သတ္လို႔ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ တရုတ္ႏုိင္ငံသားေတြၾကား လူႀကိဳက္မ်ားေနတယ္လုိ႔ တရုတ္ ဂလိုဘယ္တုိင္းမ္ သတင္းစာက ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံကျပည္သူေတြရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ေပးႏုိင္မႈနဲ႔ ဖိအားေတြကို ခံုခံႏုိင္မႈအေပၚ တရုတ္ျပည္သူေတြက ခ်ီဳးက်ဴးေနပါတယ္။ ႏုိင္ငံေတာ္ လံုၿခံဳေရးနဲ႔႔ ပတ္သက္လာတဲ့ ျပႆနာမွာ အေနာက္ႏိုင္ငံေတြရဲ႕ ဖိအားအေပၚ ခုခံမႈေတြ ရွိခဲ့မႈကို တရုတ္အြန္လိုင္း သံုးစြဲသူေတြက ခ်ီးက်ဴးေထာက္ခံမႈေတြ ရွိခဲ့ပါတယ္။

တရုတ္ႏုိင္ငံက ဂြန္ခ်ာ၊ အီဖန္စတဲ့ သတင္းဌာန ပရိသတ္ေတြက ေဒၚေအာင္ဆန္းစုၾကည္ ဟာ ျပည္သူေတြရဲ႕ အက်ိဳးစီးပြားကို ထမ္းေဆာင္ေပးေနတဲ့ အရည္ခ်င္းရွိတဲ့ ႏိုင္ငံေရးသမားအျဖစ္ ခ်ီးက်ဴး ခဲ့ပါတယ္။

တရုတ္ျပည္သူေတြဟာ ျမန္မာႏုိင္ငံက ဘာသာေရး အစြန္းေရာက္မႈေတြနဲ႔ ပတ္သက္လို႔ မွ်ေဝတာေတြ ရွိခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ ထားရွိတဲ့ သေဘာထားဟာ ျမန္မာျပည္သူေတြ အေပၚထားတဲ့ သေဘာထားသာ ျဖစ္တယ္လုိ႔ ဟူနန္ျပည္နယ္ အေျခစိုက္ ျမန္မာအေရး ေလ့လာသူ လ်ဴယန္က သံုးသပ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေ၀ဖန္ခံေနရေပမယ့္ သူ႔ရဲ႕ကုိယ္ပိုင္အျပဳအမႈ ပံုစံအတုိင္းသာ လုပ္ေဆာင္ေနတယ္လို႔ လ်ဴယန္က ကေျပာပါတယ္။
………………………………။ ။ …………………………….

တရုတ်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များမှု မြင့်တက်

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်နိုင်ငံသားတွေကြား လူကြိုက်များနေတယ်လို့ တရုတ် ဂလိုဘယ်တိုင်းမ် သတင်းစာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှုနဲ့ ဖိအားတွေကို ခုံခံနိုင်မှုအပေါ် တရုတ်ပြည်သူတွေက ချီုးကျူးနေပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်လာတဲ့ ပြဿနာမှာ အနောက်နိုင်ငံတွေရဲ့ ဖိအားအပေါ် ခုခံမှုတွေ ရှိခဲ့မှုကို တရုတ်အွန်လိုင်း သုံးစွဲသူတွေက ချီးကျူးထောက်ခံမှုတွေ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက ဂွန်ချာ၊ အီဖန်စတဲ့ သတင်းဌာန ပရိသတ်တွေက ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထမ်းဆောင်ပေးနေတဲ့ အရည်ချင်းရှိတဲ့ နိုင်ငံရေးသမားအဖြစ် ချီးကျူး ခဲ့ပါတယ်။

တရုတ်ပြည်သူတွေဟာ မြန်မာနိုင်ငံက ဘာသာရေး အစွန်းရောက်မှုတွေနဲ့ ပတ်သက်လို့ မျှဝေတာတွေ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိတဲ့ သဘောထားဟာ မြန်မာပြည်သူတွေ အပေါ်ထားတဲ့ သဘောထားသာ ဖြစ်တယ်လို့ ဟူနန်ပြည်နယ် အခြေစိုက် မြန်မာအရေး လေ့လာသူ လျူယန်က သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဝေဖန်ခံနေရပေမယ့် သူ့ရဲ့ကိုယ်ပိုင်အပြုအမှု ပုံစံအတိုင်းသာ လုပ်ဆောင်နေတယ်လို့ လျူယန်က ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)