မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေမာ္လၿမိဳင္လူထုနဲ႔ ေတြ႔ဆံု

0
300

မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံက ေမာ္လၿမိဳင္ လူထုနဲ႔ ဒုတိယအႀကိမ္ ေတြ႔ဆံုပြဲကို ေမာ္လၿမိဳင္ၿမိဳ႕ ျပည္နယ္ခန္းမမွာ ဒီေန႔     စက္တင္ဘာ ၁၈ ရက္ေန႔က က်င္းပပါတယ္။

ဒီေတြ႔ဆံုပြဲကို မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံနဲ႔ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိတို႔ ဦးေဆာင္ တက္ေရာက္ခဲ့ၿပီး ေမာ္လၿမိဳင္ ၿမိဳ႕နယ္ထဲက ျပည္သူလူထု ၃၀၀ ဝန္းက်င္ တက္ေရာက္ၾကပါတယ္။

ေတြ႔ဆံုပြဲမွာ ျပည္သူေတြရဲ႕အသံေတြ၊ တင္ျပခ်က္ ေတြကို မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က နားေထာင္ခဲ့ၿပီး အဲဒီတင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ ဌာနဆိုင္ရာေတြက သူတို႔ရဲ႕ လုပ္ေဆာင္ ေနမႈေတြကို ျပန္လည္ၿပီး အစီရင္ခံ တင္ျပခဲ့ပါတယ္။

လွ်ပ္စစ္မီး၊ လမ္း/ တံတား၊ ေသာက္သံုးေရ၊ ႏိုင္ငံသား စိစစ္ေရး ကတ္ျပား ျပဳလုပ္မႈ စတဲ့ ႀကံဳေတြ႔ ေနရတဲ့ အခက္အခဲေတြကို ျပည္သူေတြက တင္ျပ ေျပာၾကားခဲ့ၾကပါတယ္။

ေဒါက္တာ ေအးဇံက မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ မတ္လ ၁ ရက္ေန႔ကစ၍ စတင္ တာဝန္ယူခဲ့ၿပီး အဲဒီ မတိုင္ခင္မွာေတာ့ ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးမင္းမင္းဦးက တာဝန္ယူခဲ့ ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်လူထုနဲ့ တွေ့ဆုံ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မော်လမြိုင် လူထုနဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပပါတယ်။

ဒီတွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိတို့ ဦးဆောင် တက်ရောက်ခဲ့ပြီး မော်လမြိုင် မြို့နယ်ထဲက ပြည်သူလူထု ၃၀ဝ ဝန်းကျင် တက်ရောက်ကြပါတယ်။

တွေ့ဆုံပွဲမှာ ပြည်သူတွေရဲ့အသံတွေ၊ တင်ပြချက် တွေကို မွန်ပြည်နယ် ဝန်ကြီးချုပ်က နားထောင်ခဲ့ပြီး အဲဒီတင်ပြချက်တွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာတွေက သူတို့ရဲ့ လုပ်ဆောင် နေမှုတွေကို ပြန်လည်ပြီး အစီရင်ခံ တင်ပြခဲ့ပါတယ်။

လျှပ်စစ်မီး၊ လမ်း/ တံတား၊ သောက်သုံးရေ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ပြုလုပ်မှု စတဲ့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ပြည်သူတွေက တင်ပြ ပြောကြားခဲ့ကြပါတယ်။

ဒေါက်တာ အေးဇံက မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့ကစ၍ စတင် တာဝန်ယူခဲ့ပြီး အဲဒီ မတိုင်ခင်မှာတော့ ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးက တာဝန်ယူခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)