
0
376



……………………..။ ။ ……………………

ရန်ကုန်လေဆိပ်ရှေ့ရှိ ဟိုတယ်အပေါ်ထပ် မီးလောင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal-2 ရှေ့ရှိ ဟိုတယ်တစ်ခုရဲ့ အပေါ်ထပ်မှာ စက်တင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ပါတယ်။

ဟိုတယ် အပေါ်ထပ်မှာ ဖွင့်ထားတဲ့ ကျောက်မျက်ရတနာ အရောင်းဆိုင်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာ ဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃ စီးနဲ့ လာရောက်ငြှိမ်းသတ်ပြီး မနက် ၉ နာရီခန့်မှာ မီးငြိမ်းခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)