ကုလညီလာခံမွာ ေျမာက္ကိုရီးယားနဲ႔ ရခိုင္အေရး ဦးစားေပး ေဆြးေႏြးမယ္

0
309

ဒီကေန႔ စက္တင္ဘာ ၁၈ ရက္မွာ စတင္မယ့္ ကုလသမဂၢအေထြေထြညီလာခံမွာ ကမၻာ့ေခါင္းေဆာင္ေတြဟာ ေျမာက္ကုိရီးယားနဲ႔ ရခိုင္အေရးကိစၥတုိကို ဦးစားေပးေဆြးေႏြးၾကလိမ့္မယ္လို႔ ေအပီသတင္း တရပ္က ေရးပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားစမ္းသပ္ပစ္ခတ္မွု အရွိန္ျမင့္လာတာနဲ႔ ရခိုင္အၾကမ္းဖက္ တိုက္ခိုက္မွုေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဘဂၤါလီေတြအေရးတို႔ကို အဓိကေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။
ဘဂၤလားေဒ့ရ္ွဝန္ႀကီးခ်ဳပ္ ရိွတ္ခ္ ဟာဆီနာဟာ စက္တင္ဘာ ၂၁ ရက္မွာ ကုလသမဂၢ အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာမွာျဖစ္ျပီး ဘဂၤလီဒုကၡသည္အေရး ေျပာၾကားလိမ့္မယ္လို႔ ခန္႔မွန္းထား ၾကပါတယ္။

ဒီမတိုင္မီ စက္တင္ဘာ ၁၉ ရက္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံအေျချပမိန္႔ခြန္းတရပ္ကို ေနျပည္ေတာ္မွာ ေျပာမွာျဖစ္ပါတယ္။ စက္တင္ဘာ ၂၅ ရက္မွာ အဆံုးသတ္မယ့္ ကုလသမဂၢအေထြေထြညီလာခံကို ျမန္မာႏိုင္ငံက ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ေခါင္းေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ တက္ေရာက္မွာ ျဖစ္ပါတယ္။(USA)
……………………..။ ။ ……………………….

ကုလညီလာခံမှာ မြောက်ကိုရီးယားနဲ့ ရခိုင်အရေး ဦးစားပေး ဆွေးနွေးမယ်

ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ စတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားနဲ့ ရခိုင်အရေးကိစ္စတိုကို ဦးစားပေးဆွေးနွေးကြလိမ့်မယ်လို့ အေပီသတင်း တရပ်က ရေးပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်ပစ်ခတ်မှု အရှိန်မြင့်လာတာနဲ့ ရခိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေအရေးတို့ကို အဓိကဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာဟာ စက်တင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး ဘင်္ဂလီဒုက္ခသည်အရေး ပြောကြားလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။

ဒီမတိုင်မီ စက်တင်ဘာ ၁၉ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအခြေပြမိန့်ခွန်းတရပ်ကို နေပြည်တော်မှာ ပြောမှာဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာ အဆုံးသတ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာနိုင်ငံက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)