ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို ကျပ် ၂ သောင်းစီ ထောက်ပံ့မယ်

0
90

တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ငွေကျပ် ၂ သောင်းစီ ဇူလိုင်လ နောက်ဆုံးပတ်မှာ စတင်ထောက်ပံ့သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောသွားတာပါ။

ပထမအကြိမ် သင်္ကြန်ကာလမှာ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ဖို့အတွက် အခြေခံစားနပ်ရိက္ခာ ငါးမျိုး ဖြန့်ဝေခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၄ သန်းကျော်ကို အခြေခံစားကုန် ငါးမျိုး ဖြန့်ဝေရာမှာ ငွေကျပ် ၅၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို စိစစ်ပြီး အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၁ သောင်းခွဲစီ ထောက်ပံ့ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်ကို ထောက်ပံ့ခဲ့ပြီး ကျပ် ၂၁ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

အခု တတိယအကြိမ် ထောက်ပံ့မှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလောမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တို့မှာ Mobile Payment အနေနဲ့ စမ်းသပ် ဆောင်ရွက်မယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပှငှ စတုတထွအကှိမှ ထောကပှံ့မှုအဖှဈ တငပှှထားတဲ့ အိမထှောငစှုပေါငှး ၅ ဒသမ ၄ သနှးကှောကှို ငှကပှှေ ၂ သောငှးစီ သှဂုတလှ နောကဆှုံးပတမှှာ ထောကပှံ့ဦးမှာ ဖှဈတယလှို့လညှး ဦးဇောဌှေးက ပှောသှားပါတယှ။

__________________

__________________

ပုံမှနဝွငငွှေ မရှိတဲ့ အခှခေံလူတနွးစားတှကေို ကပွှ ၂ သောငွးစီ ထောကပွံ့မယွ

တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ငွေကျပ် ၂ သောင်းစီ ဇူလိုင်လ နောက်ဆုံးပတ်မှာ စတင်ထောက်ပံ့သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောသွားတာပါ။

ပထမအကြိမ် သြင်္ကန်ကာလမှာ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ဖို့အတွက် အခြေခံစားနပ်ရိက္ခာ ငါးမျိုး ဖြန့်ဝေခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၄ သန်းကျော်ကို အခြေခံစားကုန် ငါးမျိုး ဖြန့်ဝေရာမှာ ငွေကျပ် ၅၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို စိစစ်ပြီး အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၁ သောင်းခွဲစီ ထောက်ပံ့ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်ကို ထောက်ပံ့ခဲ့ပြီး ကျပ် ၂၁ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

အခု တတိယအကြိမ် ထောက်ပံ့မှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလောမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တို့မှာ Mobile Payment အနေနဲ့ စမ်းသပ် ဆောင်ရွက်မယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့အပြင် စတုတ္ထအကြိမ် ထောက်ပံ့မှုအဖြစ် တင်ပြထားတဲ့ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်ကို ငွေကျပ် ၂ သောင်းစီ သြဂုတ်လ နောက်ဆုံးပတ်မှာ ထောက်ပံ့ဦးမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောသွားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)