သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှု သတိပေးချက် ထုတ်ပြန်ထား

0
132

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ကူးစက်ရက်သတ္တပတ် ၂၆ မြောက်ဖြစ်တဲ့ ဇွန်လ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၂၈၆၂ ခု၊ တစ်နိုင်ငံလုံးမှာ သေဆုံးမှု ၂၀ ရှိပါတယ်။

မြို့နယ် ၂၀ မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပြီး ၁၀၆၉ ဦးရှိကာ ၁၂ ဦး သေဆုံးပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးက စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပြီး အဲဒီနောက် မန္တလေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။

မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို အခုနှစ်မှာ အမျိုးသားရေးအသွင်နဲ့ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဧပြီလ အစည်းအဝေးမှာကတည်းက ဆုံးဖြတ်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


__________________

__________________

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှု သတိပေးချက် ထုတ်ပြန်ထား

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ကူးစက်ရက်သတ္တပတ် ၂၆ မြောက်ဖြစ်တဲ့ ဇွန်လ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၂၈၆၂ ခု၊ တစ်နိုင်ငံလုံးမှာ သေဆုံးမှု ၂၀ ရှိပါတယ်။

မြို့နယ် ၂၀ မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပြီး ၁၀၆၉ ဦးရှိကာ ၁၂ ဦး သေဆုံးပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးက စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပြီး အဲဒီနောက် မန္တလေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။

မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို အခုနှစ်မှာ အမျိုးသားရေးအသွင်နဲ့ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဧပြီလ အစည်းအဝေးမှာကတည်းက ဆုံးဖြတ်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် ၂၀၁၉ ခုနှစ်တုန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၄၃၄၅ ဦးရှိပြီး အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)