COVID-19 ရောဂါ တိုက်ဖျက်ရေး အမေရိကန်က မြန်မာကို ဒေါ်လာ ၄ သန်း ထောက်ပံ့

0
266

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၄ သန်း ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

အခု ထပ်မံပေးအပ်တဲ့ ဒေါ်လာ ၄ သန်းနဲ့ပါဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ပေးတာ စုစုပေါင်း ဒေါ်လာ ၁၃ သန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။

အခု ထပ်ဆောင်း အကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး ရန်ပုံငွေ အစီအစဉ်ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မှာ ဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မှနမြာနိုငငြငြံရဲ့ COVID-19 တုံ့ပှနတြိုကဖြကွရြေးအတှကြ ပေးအပတြဲ့ ဒီအမရေိကနြ အကူအညီ ဒေါလြာ ၁၃ ဒသမ ၅ သနြးဟာ နိုငငြံတဈဝနြး ကနွြးမာရေးကဏျဍအတှကြ ကွှနတြောတြို့ရဲ့ ရရှညေပြူးပေါငြး ဆောငရြှကမြှုကို အားဖှည့တြာ ဖှဈပါတယြ။ အခုအကူအညီဟာ ကနွြးမာရေးကဏျဍအတှကြ ပေးအပခြဲ့တဲ့ ဒေါလြာ ၁၇၆ သနြး အပါအဝငြ လှနခြဲ့တဲ့ နှဈ ၂၀ အတှငြး မှနမြာနိုငငြံအတှကြ ကာလရှညကြှာ အကူအညီအနနေဲ့ ပေးအပခြဲ့မှု စုစုပေါငြး ဒေါလြာ ၁ ဒသမ ၃ ဘီလီယံအပှငြ ထပပြှီးပေးတာ ဖှဈပါတယြ” လို့ အမရေိကနသြံရုံး ယာယီတာဝနခြံ ဂွော့ခွဆြဈဘလီက ထုတပြှနခြကွမြှာ ပှောထားပါတယြ။

___________________

___________________

COVID-19 ရောဂါ တိုကျဖကြျရေး အမရေိကနျက မွနျမာကို ဒေါျလာ ၄ သနျး ထောကျပံ့

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၄ သန်း ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

အခု ထပ်မံပေးအပ်တဲ့ ဒေါ်လာ ၄ သန်းနဲ့ပါဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ပေးတာ စုစုပေါင်း ဒေါ်လာ ၁၃ သန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။

အခု ထပ်ဆောင်း အကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး ရန်ပုံငွေ အစီအစဉ်ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မှာ ဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်င်ငံရဲ့ COVID-19 တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ ဒီအမေရိကန် အကူအညီ ဒေါ်လာ ၁၃ ဒသမ ၅ သန်းဟာ နိုင်ငံတစ်ဝန်း ကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်တာ ဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်း အပါအဝင် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)