ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေမှာ လုပ်သားတွေ လိုအပ်နေ

0
131

ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေမှာ လုပ်သားတွေ လုပ်အပ်နေတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်း တည်ဆောက်ထားတဲ့ ဆည်ရေသောက်စနစ် ၅ ခု အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ချေးငွေ၊ ဂျပန်နိုင်ငံ ODA ချေးငွေတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ လုပ်သားအင်အားကို အဓိက အသုံးပြုနေတာ ဖြစ်တယ်လို့လည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လုပ်ငန်းခွင်တွေ အနီးမှာနေတဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ရည်ရွယ်တယ်လို့” နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက အဓိကထား လိုအပ်နေတဲ့ လုပ်ငန်းအမျိုးအစား တွေကတော့ ပန်ရံ၊ လက်သမား၊ သံချီသံကွေး စတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)