AA တပ်ဖွဲ့ လက္ကားကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်

0
443

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း ခံထားရတဲ့ AA သောင်းကျန်းသူတွေဟာ ရခိုင်ပြည်နယ်၊ လက္ကား ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ လက္ကားကျေးရွာအနီး အရောက်မှာ AA သောင်ကျန်းသူအဖွဲ့က ကျေးရွာ အတွင်းကနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ၁၅ မိနစ်ခန့်အကြာမှာ AA အကြမ်းဖက် သောင်းကျန်သူအဖွဲ့ဟာ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ ထွက်ပြေးပြီး အရှေ့ဘက် တောင်ကုန်းပေါ်ကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း တပ်မတော်သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA အကြမ်းဖက် သောင်းကျန်းသူတွေ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ် ၂၀ လုံး မီးလောင်ပျက်စီး သွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

AA အဖွဲ့ဟာ ကျေးရွာအတွင်း အရပ်သားအသွင်နဲ့ ရောနှောနေထိုင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်း ပစ်ခတ်တာ၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်တာတွေကို ဆောင်ရွက်နေတဲ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျေးရွာအနီး ရောက်ရှိလာတဲ့အခါမှာ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ကျေးရွာတွေကို မီးရှိုခဲ့တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

________________

ဓာတ္ပံု – CinCDS

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)