NLD ကို ၁၃ ပါတီ တိုင်ကြားထားချက် အရေးယူရန် မရှိလို့ ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်

0
388

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက တာဝန်ရှိသူတွေကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ပါတီ ၁၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၄ ဦးတို့က တိုင်းကြားထားချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ချက်ကို ‘အရေးယူ ဆောင်ရွက်ရန် မရှိပါ’ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်း ထုတ်ပြန်လိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးချယ် သတ်မှတ်တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာကို သုံးသပ်တွေ့ရှိရကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ကာလနဲ့ အစိုးရအဖွဲ့ တာဝန်ယူတဲ့ တစ်နှစ်ပြည့်ကာလ တိုက်ဆိုင်မှုကြောင့်သာ အခုလို ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့ အကြီးအကဲ၊ အနိုင်ရပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြည်သူလူထုကို တစ်နှစ်တာ ဆောင်ရွက်ချက် ရှင်းလင်းတင်ပြ အသိပေးမှုဟာ ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၁၃ ခုနဲ့ လူ ၁၄ ဦးတို့က အရေးယူပေးဖို့ ကန့်ကွက်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)