မလေးရှား အလုပ်အကိုင် ဖွင့်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံထံ တောင်းဆို

0
305

မလေးရှားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ခွင့်ပိတ်ပင်ထားတာ ၆ လလောက်ကြာမြင့်နေတာဖြစ်ပါတယ်။

အခုလိုပိတ်ပင်ထားတာကို ပြန်လည်ဖွင့်ပေးဖို့အတွက် မြန်မာပြည်ပအလုပ်အကိုင် ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆီကို တင်ပြတောင်းဆိုလိုက်ပါတယ်။

မလေးရှားကို အလုပ်သမား ပို့ဆောင်ခွင့်ပြန်လည်ဖွင့်ပေးဖို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ဒတိယသမ္မတ ဆီကို စာပို့တောင်းဆိုထားပေမယ့်  ထူးခြားမှုမရှိတာကြောင့် အခုလိုမျိုးနောက်ဆုံးအဆင့် နိုင်ငံတော်အတိုင်ပင်ခံဆီကို စာပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ အတွင်းက မလေးရှားဝန်ကြီးချုပ်ဟောင်းက ရခိုင်ပြည်နယ်က ဘင်င်္ဂါလီအရေးမှာ ၀င်ရောက်စွတ်ဖတ်ပြောဆိုမှုတွေရှိတဲ့အတွက် မြန်မာအစိုးရက မလေးရှားနိုင်ငံကို အလုပ်သမားတွေသွားရောက်ခွင့် ကိုတ်ပင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)