ရွှေဘုံသာ အဟောင်းပစ္စည်းဆိုင်တန်း ကမ်းနားလမ်းကို ရွှေ့မယ်

0
313

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းပေါ်က ပစ္စည်းဟောင်း ရောင်းချတဲ့ဆိုင်တွေကို ကမ်းနားလမ်း ညဈေးတန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

ကားလမ်းတွေ ပိတ်ဆို့တဲ့အတွက် မြို့တော်စည်ပင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မေလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော် အမတ်တစ်ဦးကို ကိုးကားပြီး မြဝတီသတင်းဌာနက ဖော်ပြပါတယ်။

လျှပ်စစ်ပစ္စည်းနဲ့ တခြားပစ္စည်းဟောင်းတွေ ရောင်းချတဲ့ ဆိုင်ပေါင်း ၂၀၀ ကျော် ရှိပြီး ကောက်ယူထားတဲ့ စာရင်းတွေကို ပြန်လည် စိစစ်ကာ ယာယီ ဈေးရောင်းခွင့်ကတ်ပြား ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကမ်းနားလမ်း ညဈေးမှာ စည်ပင်က အကွက်ဖော်ထားတဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)