ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ၀န်ကြီး အသစ်ခန့်အပ်

0
391

ဧရာဝတီတိုင်းဒေသကြီးမှာ လစ်လပ်နေတဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးဌေးဝင်းကို ခန့်အပ်လိုက်ပါတယ်။

ဒီကနေ့ မေလ ၁၈ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးနေရာကို အစားထိုး ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး အစားထိုးခန့်အပ် တာဝန်ပေးဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုတဲ့ ၀န်ကြီးရဲ့အမည်စာရင်းကို ကြေညာခဲ့ပြီး တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကတိသစ္စာပြုခြင်း နဲ့ ကတိသစ္စာပြုလွှာမှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ယခင် (စီမံကိန်း၊ စီမံဘဏ္ဍာ)ဌာနမှာ ဒုတိယညွှန်ကြားရေးမှူး ချုပ် ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဌေးဝင်းကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)