The Voice ကို တပ်မတော် တရားစွဲမှု မီဒီယာအဖွဲ့များ ကန့်ကွက်

0
279

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်တို့ကို တပ်မတော်က ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲခြင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်တာဖြစ်လို့ ကန့်ကွက်ကြောင်း မီဒီယာအဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ် သတင်းစာပါ ‘ကျည်ထောင်စု သစ္စာ’ သရော်စာနဲ့ ပတ်သက်ပြီး တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲတာ ဖြစ်ပါတယ်။

အဲဒီသရော်စာကိစ္စကို မြန်မာသတင်းမီဒီယာ ကောင်စီကို တင်ပြတိုင်ကြားခဲ့တဲ့အတွက် မေလ ၁၄ ရက်နေ့မှာ The Voice သတင်းစာက ပြန်လည်ရှင်းလင်း ဖော်ပြချက် ထည့်သွင်းခဲ့ပေမယ့် မကျေနပ်တဲ့အတွက် တပ်မတော်က တရားစွဲတာ ဖြစ်ပါတယ်။

သတင်းမီဒီယာ ကောင်စီက ကြားဝင်ညှိနှိုင်းနေဆဲမှာ တရားစွဲတာဟာ မီဒီယာသမားတွေကို ဖိနှိပ်တာဖြစ်ပြီး သတင်းမီဒီယာ ကောင်စီကိုလည်း အသိအမှတ်မပြုရာ ရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MJN, Pen Myanmar, BNI, Shan Women Journalists Organization စတဲ့ အဖွဲ့တွေက ပူးပေါင်း ကန့်ကွက်တဲ့ ထုတ်ပြန်ချက်မှာ တရားစွဲဆိုမှုကို ပြန်လည် စဉ်းစားသုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)