မလေးရှားမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ မြန်မာ ၄၀ ကျော်ကို ကယ်တင်

0
315

မလေးရှားနိုင်ငံ၊ ဂျလန် ပါရူဆာဟန်ရှိ စက်မှုဇုန်က မိုဘိုင်းဖုန်း အပိုပစ္စည်းထုတ် စက်ရုံတစ်ခုမှာ အဓမ္မခိုင်းစေ လုပ်အားခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာနိုင်ငံသား ၄၂ ဦးကို မလေးရှားရဲက ကယ်တင်လိုက်ပါတယ်။

မနေ့က မေလ ၁၇ ရက်မှာ ဝင်ရောက် စီးနင်း ကယ်တင်လိုက်တဲ့ မြန်မာနိုင်ငံသားတွေဟာ အသက် ၁၆ နှစ်ကနေ ၃၅ နှစ် အရွယ်အထိ ရှိပြီး အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၂၈ ဦးဖြစ်တယ်လို့ ရဲမှူး အန်နာဒူရိုင်းက ပြောပါတယ်။

ကယ်တင်လိုက်တဲ့ မြန်မာ ၄၂ ဦးဟာ ခရီးသွားလာမှုဆိုင်ရာ အထောက်အထားနဲ့ အလုပ်လုပ်ခွင့် ပါမစ်တွေလည်း မရှိကြဘူးလို့ သူက ပြောပါတယ်။

လုပ်ကြေးငွေ မပေးတဲ့အပြင် အလုပ်ခွင် မဟုတ်တဲ့ အချိန်တွေမှာ မြန်မာနိုင်ငံသားတွေကို အခန်းကျဉ်းထဲမှာ စုပြုံထည့်ပြီး သော့ခတ်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)