တောင်ကိုရီးယားက မြန်မာပြည်ကို ဆန် တန်ချိန် ၅၀၀ ထောက်ပံ့မယ်

0
283

တောင်ကိုရီးယားရဲ့ နိုင်ငံတကာ စားနပ်ရိက္ခာ ကူညီရေး အစီအစဉ်အရ မြန်မာနိုင်ငံအတွက် ဆန်တန်ချိန် ၅၀၀ ကို မေလ ၁၉ ရက်နေ့မှာ သင်္ဘောနဲ့ ပေးပို့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်အရ ဒီလိုပေးပို့တာ ဖြစ်ပါတယ်။ အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအနက် ကမ္ဘောဒီးယားကို ဆန်တန်ချိန် ၂၅၀ နဲ့ မြန်မာကို ဆန်တန်ချိန် ၅၀၀ ပေးပို့မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ကြေညာပါတယ်။

အာဆီယံ အရေးပေါ် အရန်ဆန် သိုလှောင်ရေး အစီအစဉ်မှာ ဒေသတွင်း စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် တောင်ကိုရီးယားက ဆန်တန်ချိန် ၇၅၀ တာဝန်ယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)