ခန္တီးရတနာမြေမှာ ပဋိပက္ခ မဖြစ်ပွားရေး လုပ်ငန်းစဉ် ၄ ရပ်နဲ့ ဆောင်ရွက်မယ်

0
321

လုံခြုံရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ခန္တီးရတနာမြေမှာ ပဋိပက္ခ မဖြစ်ပွားစေရေး လုပ်ငန်းစဉ် ၄ ရပ်နဲ့ ဆောင်ရွက်မယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ နန်းစီပွန်ဒေသမှာ မနေ့ မေလ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် ထိန်းသိမ်းမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကာ ဒဏ်ရာရသူတွေကို ခန္တီးဆေးရုံကို ပို့ဆောင်ထားပါတယ်။

ခန္တီးရတနာမြေရှိ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ရ ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေအကြား ပဋိပက္ခ မဖြစ်စေဖို့ ရတနာမြေအတွင်း တရားမဝင် နေထိုင်သူတွေကို ဥပဒေနဲ့ အညီ ရှင်းလင်းဖယ်ရှားတာ၊ တူးဖော်ခွင့်ရ ကုမ္ပဏီတွေ ဥပဒေနဲ့ ညွှန်ကြားချက်တွေ လိုက်နာမှု ရှိ၊ မရှိ စိစစ်တဲ့ ကာလမှာ လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းတာ၊ စွန့်ပစ်မြေစာ နေရာသတ်မှတ်ခြင်းနဲ့ ရေမဆေးတွေအတွက် စည်းကမ်းသတ်မှတ်တာ၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အကောင်ဖော်တာတွေ လုပ်ဆောင်မယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကြေညာထားပါတယ်။

ခန္တီးရတနာမြေမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ အားလုံး မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့လည်း အမိန့် ထုတ်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)