နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်တွေကြောင့် သဘာဝ သစ်တောတွေ လျှင်မြန်စွာ ပျက်စီးခဲ့

0
418

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှု ဒဏ်ကြောင့် မြန်မာ့ သဘာဝ သစ်တောတွေ အလျှင်အမြန် ပျက်စီးခဲ့တယ်လို့ သုတေသီတွေရဲ့ သုတေသနစာတမ်းတစ်ခုက ဖော်ပြပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာ နိုင်ငံဟာ အခုအချိန်မှာ သစ်တောထိန်းသိမ်းမှုနဲ့ အစားထိုး စိုက်ပျိုးမှုတွေ စတင်နေပေမယ့် သဘာဝ သစ်တော ပျက်စီးမှုကတော့ လျှင်မြန်စွာ ကြီးမားခဲ့တယ်လို့ PLOS ONE သုတေသန ဂျာနယ်မှာ ရေးသားထားပါတယ်။

စမစ်ဆိုနီယမ် ဇီဝထိန်းသိမ်းရေး အင်စတီကျုက ပီတာ လိမ်းဂရူဘာ၊ အမေရိကန် သဘာဝ သမိုင်းပြတိုက်က နက်ဒ် ဟိုနင်နဲ့ အဖွဲ့တို့ရဲ့ သုတေသနစာတမ်းဖြစ်ပြီး သူတို့အဖွဲ့ဟာ ၂၀၀၂ နဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်မှာ ဖုံးလွှမ်းနေတဲ့ သစ်တော ဧရိယာ အခြေအနေတွေကို ဂြိုဟ်တုဓာတ်ပုံ၊ မြေပုံတွေကနေ လေ့လာခဲ့ပါတယ်။

၂၀၁၄ ပုံတွေအရ မြန်မာ့ သစ်တော ဖုံးလွှမ်းမှုဟာ ၆၃ ရာခိုင်နှုန်း (ဟက်တာ ၄၂ သန်းကျော်) ရှိတယ်လို့ ဆိုပေမယ့် သစ်တောကာကွယ်ရေးနဲ့ အစားထိုး စိုက်ပျိုးတာတွေ မပါဘဲ သဘာဝ သစ်တောတွေ ဆိုရင်တော့ ၃၈ ရာခိုင်နှုန်းပဲ ရှိကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

သဘာဝ သစ်တော ပြုန်းတီးမှုဟာ နှစ်စဉ် ၁၁ ရာခိုင်နှုန်း (ဟက်တာ ၂ သန်းကျော်) ရှိနေပါတယ်။ သဘာဝ သစ်တောတွေ ထိန်းသိမ်းမှုကို ဦးစားပေးလုပ်ဆောင်သင့်ပြီး တခြား သစ်တောဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုတော့ နောက်မှ လုပ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)