စီးပွားရေးလုပ်ငန်းတွေ လူမှုအဖွဲ့အစည်းအပေါ် တာဝန်သိမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0
307

မြန်မာပြည်မှာ လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ လူမှု အဖွဲ့အစည်းအပေါ် တာဝန်သိမှုတို့နဲ့ အညီ ဆောင်ရွက်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

မေလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပပြီး နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ တက်ရောက်တဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (Belt and Road Forum for International Cooperation) မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လေးစားမှုကို အခြေခံတဲ့ ကောင်းမွန်သော ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုရှိရေး၊ နိုင်ငံတစ်ခုချင်းအနေနဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာတွေရှိတဲ့ အလျောက် ဆောင်ရွက်ရမယ့် စီမံချက်တွေဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ အမျိုးသားစီမံကိန်းတွေနဲ့ လိုက်လျောညီထွေမှု ရှိဖို့လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)