‘ကျောက်စိမ်းနှင့် ဗိုလ်ချုပ်များ’ မှတ်တမ်းတင် ရုပ်ရှင်ကို ဟိုတယ်က ပြသခွင့်မပြု

0
275

 

‘ကျောက်စိမ်းနှင့် ဗိုလ်ချုပ်များ’ အမည်ရှိ မှတ်တမ်းရုပ်ရှင်ဟာ တိုင်းအစိုးရရဲ့ ခွင့်ပြုချက် မပါရှိတဲ့အတွက် ဟိုတယ်က ပြသခွင့် မပြုဘူးဆိုတာကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ရန်ကုန်မြို့ရှိ Park Royal မှာ မနေ့က မေလ ၁၇ ရက်မှာ ပြသဖို့ စီစဉ်ထားတဲ့ အဲဒီ မှတ်တမ်းတင် ရုပ်ရှင်ဟာ ကျောက်စိမ်းလုပ်ငန်းမှာ စစ်ဗိုလ်ချုပ်တွေရဲ့ ပါဝင်ပတ်သက်နေမှုကို ထုတ်ဖော်ဝေဖန်ထားတာ ဖြစ်ပြီး တိုင်းအစိုးရ ခွင့်ပြုချက် မပါဘူးဆိုပြီး ဟိုတယ်က ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းတင် ရုပ်ရှင်ကားကို Global Witness အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။

Global Witness အဖွဲ့ဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ‘ကျောက်စိမ်း – မြန်မာ့ အကြီးမားဆုံး နိုင်ငံတော် လျှို့ဝှက်ချက်’ (Jade: Myanmar’s “Big State Secret”) အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)