သေရာ္ေဝဖန္ျခင္းက ရာဇဝတ္မႈ မဟုတ္ေၾကာင္း HRW ထုတ္ျပန္

0
187


တပ္မေတာ္ကို သံခ်ပ္ထိုးၿပီး သေရာ္ ေဖ်ာ္ေျဖျခင္းက ရာဇဝတ္မႈ မဟုတ္တဲ့အတြက္ သံခ်ပ္ထိုးသူ ေလးဦးအေပၚ စြဲခ်က္ကို ဖယ္ရွားသင့္ေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) က ထုတ္ျပန္ထားပါတယ္။

ေဒါင္းမ်ိဳးဆက္အဖြဲ႔က ေဇယ်ာလြင္၊ ပိုင္ၿဖိဳးမင္း၊ ပိုင္ရဲသူနဲ႔ မဆုရတနာျမင့္တို႔က သံခ်ပ္ထိုးရာမွာ တပ္မေတာ္ကို ေစာ္ကားပုတ္ခတ္တယ္ဆိုၿပီး ဆက္သြယ္ေရး ပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲလိုက္တာ ျဖစ္ပါတယ္။ သံခ်ပ္ကို Facebook မွာ Live လႊင့္ခဲ့တာ ျဖစ္ၿပီး သူတို႔ ေလးဦးကို ဧၿပီလ ၁၅ ရက္ေန႔မွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

သေရာ္တာ အပါအဝင္ ေဝဖန္မႈေတြကို သည္းမခံႏိုင္ေၾကာင္း ျမန္မာ အာဏာပိုင္ေတြက ထပ္မံ ျပသလိုက္တာ ျဖစ္ေၾကာင္း၊ ေဝဖန္ေျပာဆိုသူေတြကို ဖမ္းဆီးမယ့္အစား အစိုးရက သူတို႔ ဘာေျပာၾကတယ္ဆိုတာ နားေထာင္သင့္ေၾကာင္း အာရွဆိုင္ရာ ဥပေဒ အႀကံေပး လင္ဒါ လက္ခ္ဒီက ေျပာပါတယ္။

သရော်ဝေဖန်ခြင်းက ရာဇဝတ်မှု မဟုတ်ကြောင်း HRW ထုတ်ပြန်


တပ်မတော်ကို သံချပ်ထိုးပြီး သရော် ဖျော်ဖြေခြင်းက ရာဇဝတ်မှု မဟုတ်တဲ့အတွက် သံချပ်ထိုးသူ လေးဦးအပေါ် စွဲချက်ကို ဖယ်ရှားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ထားပါတယ်။
ဒေါင်းမျိုးဆက်အဖွဲ့က ဇေယျာလွင်၊ ပိုင်ဖြိုးမင်း၊ ပိုင်ရဲသူနဲ့ မဆုရတနာမြင့်တို့က သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားပုတ်ခတ်တယ်ဆိုပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။ သံချပ်ကို Facebook မှာ Live လွှင့်ခဲ့တာ ဖြစ်ပြီး သူတို့ လေးဦးကို ဧပြီလ ၁၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သရော်တာ အပါအဝင် ဝေဖန်မှုတွေကို သည်းမခံနိုင်ကြောင်း မြန်မာ အာဏာပိုင်တွေက ထပ်မံ ပြသလိုက်တာ ဖြစ်ကြောင်း၊ ဝေဖန်ပြောဆိုသူတွေကို ဖမ်းဆီးမယ့်အစား အစိုးရက သူတို့ ဘာပြောကြတယ်ဆိုတာ နားထောင်သင့်ကြောင်း အာရှဆိုင်ရာ ဥပဒေ အကြံပေး လင်ဒါ လက်ခ်ဒီက ပြောပါတယ်။