
0
91
devices -->




အိန္ဒိယနိုင်ငံသား အယောင်ဆောင်ခဲ့တဲ့ ဘင်္ဂါလီ သုံးဦး အဖမ်းခံရ


မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား အယောင်ဆောင်နေတဲ့ ဘင်္ဂါလီ မွတ်စလင် သုံးဦးကို ဟိုက်းဒရာဘတ် ပြည်နယ်မှာ အိန္ဒိယရဲက ဖမ်းဆီးလိုက်ပါတယ်။


မို့ဒ် အီဘရာဟင် (၂၅ နှစ်)၊ နူရ် အူလ် အာမင် (၃၄ နှစ်) နဲ့ ရှိတ်ခ် အဇာ (၂၈ နှစ်) တို့ဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်း အိန္ဒိယနိုင်ငံထဲကို ခိုးဝင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။


သူတို့ဟာ လျှပ်စစ်မီတာ စာရွက်တွေ တင်ပြပြီး မဲပေးခွင့် ကတ်ကို ပထမဆုံး ရယူခဲ့ကြောင်း၊ အဲဒီနောက် တခြား လိုအပ်တဲ့ သက်သေ အထောက်အထား ကတ်တွေကို ရယူပြီး နောက်ဆုံးမှာ အိန္ဒိယနိုင်ငံသားအနေနဲ့ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ သူတို့ဟာ အိန္ဒိယနိုင်ငံသားဟန်ဆောင်ပြီး အိန္ဒိယအစိုးရရဲ့ လူမှုဖူလုံရေး အထောက်အပံ့တွေလည်း ရယူခဲ့ကြောင်း ဟိုက်ဒရာဘတ် ဒုတိယ ရဲမင်းကြီးက ပြောပါတယ်။