ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးကို ၂၀၁၉ ပူလစ္ဇာဆု ေပးမယ္

0
260
devices -->

အစိုးရ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ က်ခံေနရတဲ့ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို ဘဂၤါလီ မြတ္စလင္ ၁၀ ဦး အသတ္ခံရမႈ ေဖာ္ထုတ္ေပးတဲ့အတြက္ ၂၀၁၉ ခုႏွစ္ ပူလစ္ဇာဆုကို ေပးမွာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ဘဂၤါလီ မြတ္စလင္ ၁၀ ဦး အသတ္ခံရမႈမွာ တပ္မေတာ္ တပ္ဖြဲ႔တစ္ခုနဲ႔ ရြာသားေတြက တာဝန္ရွိေၾကာင္း ေဖာ္ထုတ္ခဲ့တဲ့အတြက္ ရဲရင့္တဲ့ သတင္းတင္ျပမႈေၾကာင့္ ပူလစ္ဇာဆုကို ခ်ီးျမွင့္မွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုဝလံုး (၃၃ ႏွစ္) နဲ႔ ကိုေက်ာ္စိုးဦး (၂၉ ႏွစ္) တို႔ဟာ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလမွာ အဖမ္းခံခဲ့ရၿပီး ေထာင္ဒဏ္ ခုနစ္ႏွစ္စီ ခ်မွတ္ခံထားရပါတယ္။

အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘင်္ဂါလီ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု ဖော်ထုတ်ပေးတဲ့အတွက် ၂၀၁၉ ခုနှစ် ပူလစ်ဇာဆုကို ပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင် ၁၀ ဦး အသတ်ခံရမှုမှာ တပ်မတော် တပ်ဖွဲ့တစ်ခုနဲ့ ရွာသားတွေက တာဝန်ရှိကြောင်း ဖော်ထုတ်ခဲ့တဲ့အတွက် ရဲရင့်တဲ့ သတင်းတင်ပြမှုကြောင့် ပူလစ်ဇာဆုကို ချီးမြှင့်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဝလုံး (၃၃ နှစ်) နဲ့ ကိုကျော်စိုးဦး (၂၉ နှစ်) တို့ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံထားရပါတယ်။