ပုဒ်မ ၂၆၁ ပြင်ဆင်ရေး သီးခြားဥပဒေကြမ်း တင်ပေးဖို့ NLD ကို ANP တောင်းဆို

0
421

❖ တိုင်းရင်းသားတွေ လိုလားတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့တာကြောင့် မထောက်ခံခဲ့တာဆိုရင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေ့ရှုပြီး အခု လွှတ်တော် သက်တမ်းမကုန်ခင် သီးခြားဥပဒေကြမ်းအနေနဲ့ စိတ်ကြိုက်ရေးဆွဲပြီး တင်ပေးဖို့ NLD ပါတီကို ရခိုင်အမျိုးသားပါတီ ANP က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

❖ ဒီလိုဆောင်ရွက်ရင်လည်း NLD ပါတီရဲ့ စိုးရိမ်မှုဖြစ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % နဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီက ၂၆ % နဲ့ ပေါင်းပြီး အစိုးရဖွဲ့ခွင့် မရအောင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေကိုပဲ အစိုးရဖွဲ့ခွင့်ပေးတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်ရင်လည်း တိုင်းရင်းသား နိုင်ငံရေးအင်အားစု အားလုံးက ထောက်ခံ ကြိုဆိုကြလိမ့်မယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မေတ္တာရပ်ခံ ပန့်ကြားထားတာပါ။

❖ အပြည့်အစုံကို ရခိုင်အမျိုးသားပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့ MCN သတင်းဌာနတို့ရဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ပြောကြားခဲ့တာတွေကို မှတ်သားစရာ ပြောစကား “Quote Of The Day” အစီအစဉ်ကနေ ပြန်လည်ထုတ်နှုတ် တင်ဆက်ပေးထားပါတယ်။

❖ မအောင်မြင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကနေ NLD ပါတီနဲ့ တပ်မတော်အကြား လွှတ်တော်တွင်း ထိပ်တိုက်ရင်ဆိုင်ရေတွေ ဖြစ်လာတော့မယ်လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

❖ ဒါကြောင့် တပ်မတော်အနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်လာနိုင်ဖွယ်တွေ ရှိတယ်လို့လည်း ပေါက်ပေါက်လာနိုင်တဲ့ အကျိုးဆက်တွေကို သုံးသပ်ပြောကြားထားတာပါ။

❖ အပြည့်အစုံကို အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်နဲ့ MCN သတင်းဌာနတို့ရဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ပြောကြားခဲ့တာတွေကို မှတ်သားစရာ ပြောစကား “Quote Of The Day” အစီအစဉ်ကနေ ပြန်လည်ထုတ်နှုတ် တင်ဆက်ပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)