လင်မယား စကားများရာက ယောက်ျားဖြစ်သူက မိန်းမကို အသေ ရိုက်သတ်

0
277

မတ်လ ၁၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသတောင်ပေါ် ၁၉ မိုင်မှာ ခင်ပွန်းဖြစ်သူက ဇနီးကို ရိုက်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ညဘက် လင်မယားရန်ဖြစ်တဲ့ အသံတွေကြားနေလို့ ပတ်ဝန်းကျင်က နောက်တစ်နေ့မှာ အမျိုးသမီးဖြစ်သူကို မတွေ့တဲ့အတွက် ရပ်ကွက်လူကြီးကို အကြောင်းကြားပြီး လိုက်လံရှာဖွေရာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူအမျိုးသမီးဟာ လျှိုမြောင်ကြားမှာ ထဘီကျွတ်လျက် မျက်နှာတစ်ခုလုံး ညိုမဲဖူးရောင်၊ နားနှစ်ဘက်မှ သွေးများထွက်လျက်၊ ၀ဲ/ယာလက် ညိုမဲဒဏ်ရာများ၊ ကျောက်ပြင်ပွန်းပဲ့ဒဏ်ရာများ၊ တင်ပါးပွန်းပဲ့ဒဏ်ရာများနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့တဲ့ ၀င်းမောင်(ခ) ကျော်သူဝင်းကို ဥပဒေအရ အရေးယူပေးဖို့ ကျောက်တံခါးမြို့နယ်၊ တောင်ပေါ် ၁၉ မိုင်ရွာက ရပ်မိရပ်ဖဖြစ်သူ ဦးစိန်မြင့်က သတင်းပေးပို့ တိုင်တန်းခဲ့တဲ့အတွက် ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)