မြန်မာမှာ မြွေကိုက် သေဆုံးမှု လျှော့ချရေး သြစတြေးလျ ကြိုးပမ်းနေ

0
318

သြစတြေးလျ ပညာရှင်တွေက မြန်မာပြည်က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကျေးလက်ဒေသတွေမှာ မြွေကိုက်ခံရပြီး သေဆုံးနေမှု လျှော့ချရေး လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အထူးသဖြင့် အရေးပေါ် ကုသမှု ခံယူဖို့ ခက်ခဲတဲ့ ဝေလံ ကျေးလက်ဒေသတွေမှာ မြွေကိုက်သေဆုံးမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို မြွေကိုက်လို့ သေဆုံးသူ ၆၀၀ လောက်ရှိနေပါတယ်။ မြွေကိုက်ခံရမှုတွေကလည်း အဓိကအားဖြင့် လယ်ကွင်းတွေမှာ စပါးစိုက်ရင်း အဆိပ်ပြင်းတဲ့ မြွေပွေး၊ မြွေဟောက်တွေ အကိုက်ခံရလို့ သေဆုံးရတာ ဖြစ်ပါတယ်။

မြွေကိုက်ခံရပေမယ့် မသေဆုံးခဲ့တဲ့သူတွေဟာလည်း ထိုက်သင့်တဲ့ ဆေးဝါးကုမှုတွေ ဆက်လက်ခံယူဖို့ မတတ်နိုင်တာတွေ ရှိပါတယ်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာ၊ အခြေခံအဆောက်အဦတွေ မပြည့်စုံတာတွေကြောင့် ဆေးကုသမှု ကောင်းကောင်းပေးနိုင်မယ့် ဆေးရုံတွေကို မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။

သြစတြေးလျတောင်ပိုင်း တော်ဝင် အက်ဒလိတ် ဆေးရုံက ကျောက်ကပ်အထူးကု ချန်အောဖာက မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အဖြစ်အပျက်တွေအရ မြွေကိုက်ခံရသူနဲ့ မြွေဆိပ်ဖြေဆေး ပေးနိုင်မယ့် နှစ်ခုအကြားမှာ ကြန့်ကြာနေတာ တွေ့ရတယ်။

မြွေဆိပ်ဖြေဆေးတွေ ပိုလိုတယ်၊ မြွေဆိပ်ဖြေဆေး သိမ်းလို့ရမယ့် ရေခဲသေတ္တာတွေ လိုအပ်ပြီး ဒါမှ မြွေကိုက်ခံရသူဆီ မြန်မြန်ရောက်မယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)