တရားဝင် သင်္ကြန် ပိတ်ရက် ၅ ရက်ဖြစ်သော်လည်း ၁၀ ရက်ခွင့်ပြုကြောင်း ကြေညာ

0
268

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလ အလုပ်ပိတ်ရင်ကို ၅ ဖြစ်တယ်လို့ ပြင်ဆင် သတ်မှတ်ခဲ့ပေမယ့် ၁၀ ရက် ခွင့်ပြုသွားဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု အစိုးရအစိုးရ အဖွဲ့ရုံးက မတ်လ ၁၀ ရက်နေ့မှာ နှစ်ကူးရုံးပိတ်ရက် ၅ ရက်လို့ ပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် မနှစ်ကတည်းက လုပ်ငန်းရှင်များက ၁၀ ရက်ကြာပိတ်မယ်လို့ တွက်ဆပြီး ပြင်ဆင်ထားကြသလို အလုပ်သမားများကလည်း ခွင့် ၁၀ ရက်အတွက် ပြင်ဆင်ထားကြပြီးဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်ညှိဖို့၊ ဥပေဒနဲ့အညီ နှစ်ဖက်ညှိဖို့နဲ့ သင့်တော်တဲ့ ခွင့်အမျိုးအစားအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဖို့ဆိုပြီး နည်းလမ်း သုံးခု လမ်းညွှန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)