အရင်အစိုးရ ထားခဲ့တဲ့ ပြဿနာတွေ ဖြေရှင်းနေရလို့ အချိန် နဲ့ ငွေကုန်

0
296

အရင့်အရင် အစိုးရများ လက်ထက်က မလုပ်သင့်ဘဲ လုပ်ခဲ့တဲ့ အလုပ်၊ လုပ်သင့်ပါလျက်နဲ့ မလုပ်ခဲ့တဲ့ အလုပ်တွေကြောင့် ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေရတာက တာဝန်ကြီးတစ်ခု ဖြစ်နေတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောဆိုလိုက်ပါတယ်။

အဲဒီ ပြဿနာတွေကို ဖြေရှင်းနေရလို့ ကုန်မယ့် အချိန်နဲ့ ငွေတွေကို တခြား ဖွံ့ဖြိုးရေး နေရာတွေမှာ သုံးနိုင်ကြောင်း ကြေးမုံသတင်းစာရဲ့ မေးမြန်းချက်မှာ ပြောဆိုထားတာပါ။

ဆောက်လုပ်ရေး လုပ်ငန်းရဲ့ အရည်အသွေးနဲ့ အရေးအတွက်ကို ထိခိုက်စေခြင်း မရှိဘဲ စိစစ်ခဲ့တဲ့ အတွက် ဆောက်လုပ်ရေး ဌာန တင်ဒါပိုလျှံငွေ ကျပ် သန်းပေါင်း တစ်သောင်းကျော် ပိုထွက်ခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍမှာလည်း ကျပ်ငွေ သိန်း ၃ ထောင် ပိုလျှံခဲ့ပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဝန်ထမ်းတွေကို အရေးယူ မပြစ်ပေးတာ၊ ရာထူးလျှော့၊ နယ်ပြောင်တာတွေ မလုပ်ချင်ပါဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မြို့နယ် အုပ်ရေးမှူး တစ်ဦးကို အလုပ်ဖြုတ်ရတာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပြီး အပြစ်ရှိတဲ့အတွက် အရေးယူခံရမှာစိုးလို့ ထွက်ပြေးနေတဲ့ မြို့နယ် တရားသူကြီး တစ်ဦးနဲ့ ခရိုင်ပညာရေးမှူးတစ်ဦးလည်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)