အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၃၃ အထိရှိ၊ ယခင်နှစ်တွေထက် များပြား

0
268

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၃၃ အထိ ရှိပြီး အရင်နှစ်တွေကထက် များပြားပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ အကယ်ဒမီ စာရင်းဝင် ၁၂ ကား၊ ၂၀၁၄ မှာ အကယ်ဒမီ စာရင်းဝင် ၁၇ ကားရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ဆန်ခါတင် စာရင်းဝင်ဇာတ်ကားက ၁၀ ကားရှိပါတယ်။

အကယ်ဒမီပေးပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော် နောက်ခံရှိတဲ့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ မတ်လ ၁၈ ရက် ညနေမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲကို ရွှေတိဂုံစေတီတော်ကြီးကို ပူဇော်ပသတာနဲ့ ဖွင့်မှာ ဖြစ်ပါတယ်။

အဲဒီနောက် သီချင်း ဖျော်ဖြေ တင်ဆက်မှု၊ ရုပ်ရှင် နှစ် ၁၀၀ ခေါင်းစဉ်နဲ့ ဇာတ်ဝင်တေးများ ဖျော်ဖြေတင်ဆက်မှုတို့ ပါဝင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)