နိုင်ငံခြားရေး ဝန်ကြီးဌာန သိက္ခာ မြင့်သင့်သလောက် မမြင့်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည် သုံးသပ်

0
318

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ မိမိတို့ နိုင်ငံ သိက္ခာရော၊ မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာန သိက္ခာရော မြင့်သင့်သလောက် မမြင့်ဘူးလို့ ပွင့်လင်းစွာ ပြောရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

မတ်လ ၁၇ ရက် ညနေက နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ဓာတ်ကျစရာ မရှိဘဲ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ များစွာ ရှိကြောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းတွေ အနေနဲ့ တခြားဝန်ကြီးဌာနတွေနဲ့ မတူဘဲ မိမိတို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုကနေ မိမိတို့ နိုင်ငံရဲ့ အဆင့်ကို သတ်မှတ်ရမှာ ဖြစ်တယ်လို့လည်း သူမက ဆက်ပြောပါတယ်။

ကိုယ်က ဘယ်ပါတီကိုပဲ မဲပေးပေး ပြည်သူရွေးချယ်လို့ တက်လာတဲ့ အစိုးရကို သစ္စာရှိရှိ အလုပ်လုပ်ရမှာ ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအတိုင်း
“ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ လိုတယ်” လို့လည်း ၂၃ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)