ဆန္ဒပြ သူနာပြု သင်တန်းသားတွေကို အရေးယူဖို့ မရှိ

0
282

ကျောင်းဆင်းပြီးပါက အစိုးရထံမှာ သုံးနှစ် တာဝန်ထမ်းဆောင်ရမယ့် ကိစ္စကို ကန့်ကွက် ဆန္ဒပြကြတဲ့ ရန်ကုန် သူနာပြု တက္ကသိုလ်နဲ့ ရန်ကုန် သူနာပြုသင်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေကို အရေးယူဖို့ မရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံ့တာဝန် ထမ်းဆောင်သူတွေကိုသာ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီက လိုင်စင်ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လိုပ်အပ်နေတဲ့ သူနာပြု ပမာဏရဲ့ ၅၄ ရာခိုင်နှုန်းသာ အလုပ်ဝင်ရောက်မှု ရှိတာကြောင့် လုပ်ငန်းခွင် ပိုမိုဝင်ရောက်ကြဖို့ လိုကြောင်း၊ လုပ်ငန်းခွင် ဝင်ရောင်ခြင်း အားဖြင့် သူနာပြုတွေရဲ့ အရည်အသွေး တိုးတက်လာမှာ ဖြစ်ကြောင်းလည်း မတ်လ ၁၇ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရန်ကုန်က သူနာပြုတက္ကသိုလ်များက ပါမောက္ခချုပ်တွေ၊ ဆရာတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားခဲ့ပါတယ်။

သူနာပြုလိုင်စင် ထုတ်ပေးရေးအတွက် ဆက်သွယ်ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားတဲ့ အဖွဲ့လည်း ဖွဲ့စည်းထားပြီး မကြာခင် တရားဝင် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)