ပြီးခဲ့သည့်ငါးနှစ်တွင် အကောင်းဆုံး နိုင်ငံတော်အဖြစ် ကြိုးပမ်းပေးနိုင်ခဲ့ဟု ဦးသိန်းစိန်ပြောကြား

0
288

မိမိတို့ တည်ဆောက်ခဲ့သော ပြီးခဲ့သည့်ငါးနှစ်တွင် အကောင်းဆုံးဟု မဆိုနိုင်သော်လည်း အဘက်ဘက်တွင် မျှော်လင့်စရာ အကောင်းဆုံး နိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ဆောက် ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းမြို့ ရွာသစ်ကြီးမှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကို တွေ့ဆုံသြဝါဒစကားပြောကြားရာမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ ဒီလို ပြောကြားရာမှာ ဖဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်ထွန်းရေး၊ ‘အမျိုးသားညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြဖို့အပြင် အခွင့်အလမ်းအသစ်တွေနဲ့ စိန်ခေါ်မှု အသစ်တွေအတွက် အဆင်သင့်ဖြစ်နေကြဖို့ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၁၇) ရက် ကြာသပတေးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)