နယ်သာလန်မှာ ကျွန်းသစ်တွေ ဖမ်းမိမှု မြန်မာက ပူးပေါင်း စုံစမ်းစစ်ဆေးမယ်

0
168

ဥရောပ သမဂ္ဂ ဥပဒေကို ချိုးဖောက်ပြီး ချက်သမ္မတနိုင်ငံကနေ လက်တစ်လုံးခြားနဲ့ နယ်သာလန်နိုင်ငံကို ခိုးသွင်းလာတဲ့ မြန်မာကျွန်းသစ် အမြောက်အမြားကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နယ်သာလန်ရဲတွေက ပထမဆုံးအကြိမ်အဖြစ် စီးနင်းရှာဖွေ ဖမ်းဆီးရမိခဲ့ပြီးနောက် အဲဒီလို ခိုးသွင်းလာမှုကို မြန်မာနိုင်ငံဘက်ကလည်း ပူးပေါင်း စုံစမ်းစစ်ဆေးမယ်လို့ အွန်လိုင်း Timber Trades Journal (TTJ) သတင်းမှာ ဖော်ပြထားပါတယ်။

သင်္ဘောနဲ့ မြန်မာကျွန်းသစ်တွေကို ခိုးသွင်းလာတာဖြစ်ပြီး ချက်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ နယ်သာလန်ရဲတွေက နူးရတ် ဟော်လန်၊ ယူးထရက်နဲ့ ဂယ်လ်ဒါလန်းရှိ နေရာခြောက်ခုကို စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။ သွင်းလာတဲ့ ကျွန်းသစ်တွေဟာ မြန်မာ့ကျွန်းသစ်တွေ ဥရောပ ဈေးကွက်ထဲ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေလည်း မရှိတာ တွေ့ခဲ့ပါတယ်။

သစ်တင်ပို့မယ်ဆိုရင် တင်ပို့မယ့် သင်္ဘော၊ သစ်အရေအတွက်၊ အလေးချိန် တန်တို့နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးကြောင်း၊ ဥရောပ သမဂ္ဂအနေနဲ့ ကျွန်းသစ် သယ်ဆောင်၊ လွှဲပြောင်းရာ လမ်းကြောင်းကို လိုက်နိုင်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲ စည်းမျဉ်းတွေနဲ့ ညီ၊ မညီ စစ်ဆေးနိုင်ကြောင်း မြန်မာနိုင်ငံ သစ်တောထောက်ခံချက်ပြုရေး ကော်မတီ (MFC) ရဲ့ အတွင်းရေးမှူး ဦးဘာဘာချိုက TTJ သတင်းဌာနကို ပြောထားပါတယ်။ 


ဥရောပ သမဂ္ဂ ဥပဒေကို ချိုးဖောက်ပြီး ချက်သမ္မတနိုင်ငံကနေ လက်တစ်လုံးခြားနဲ့ နယ်သာလန်နိုင်ငံကို ခိုးသွင်းလာတဲ့ မြန်မာကျွန်းသစ် အမြောက်အမြားကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နယ်သာလန်ရဲတွေက ပထမဆုံးအကြိမ်အဖြစ် စီးနင်းရှာဖွေ ဖမ်းဆီးရမိခဲ့ပြီးနောက် အဲဒီလို ခိုးသွင်းလာမှုကို မြန်မာနိုင်ငံဘက်ကလည်း ပူးပေါင်း စုံစမ်းစစ်ဆေးမယ်လို့ အွန်လိုင်း Timber Trades Journal (TTJ) သတင်းမှာ ဖော်ပြထားပါတယ်။

သင်္ဘောနဲ့ မြန်မာကျွန်းသစ်တွေကို ခိုးသွင်းလာတာဖြစ်ပြီး ချက်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ နယ်သာလန်ရဲတွေက နူးရတ် ဟော်လန်၊ ယူးထရက်နဲ့ ဂယ်လ်ဒါလန်းရှိ နေရာခြောက်ခုကို စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။ သွင်းလာတဲ့ ကျွန်းသစ်တွေဟာ မြန်မာ့ကျွန်းသစ်တွေ ဥရောပ စျေးကွက်ထဲ ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေလည်း မရှိတာ တွေ့ခဲ့ပါတယ်။

သစ်တင်ပို့မယ်ဆိုရင် တင်ပို့မယ့် သင်္ဘော၊ သစ်အရေအတွက်၊ အလေးချိန် တန်တို့နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးကြောင်း၊ ဥရောပ သမဂ္ဂအနေနဲ့ ကျွန်းသစ် သယ်ဆောင်၊ လွှဲပြောင်းရာ လမ်းကြောင်းကို လိုက်နိုင်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲ စည်းမျဉ်းတွေနဲ့ ညီ၊ မညီ စစ်ဆေးနိုင်ကြောင်း မြန်မာနိုင်ငံ သစ်တောထောက်ခံချက်ပြုရေး ကော်မတီ (MFC) ရဲ့ အတွင်းရေးမှူး ဦးဘာဘာချိုက TTJ သတင်းဌာနကို ပြောထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)