Covid-19 ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ စတင် စစ်ဆေးနိုင်တော့မယ်

0
136

အဆုတ်ရောင် Covid-19 ဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ ရည်ညွှန်းဓာတ်ခွဲခန်းရှိတဲ့ ထိုင်းနိုင်ငံကို ပေးပို့ စစ်ဆေးနေရာကနေ အခု မြန်မာနိုင်ငံမှာ လာမယ့် ဖော်ဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး စတင် စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ ပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ အဆင့်သင့်ရှိနေပြီဖြစ်တဲ့အတွက် ဓာတ်ခွဲပစ္စည်းတွေ ရရှိစေဖို့ ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို ကြိုးပမ်းခဲ့ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုနဲ့ ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS)၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနဲ့ JICA အဖွဲ့တို့ရဲ့ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့နဲ့ ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine (NCGM) နဲ့ ဂျွန်တန်ဒို တက္ကသိုလ်တို့ကနေ ဓာတ်ခွဲပစ္စည်းတွေကို လက်ခံရရှိခဲ့ပါတယ်။ 


Covid-19 ဗိုငြးရပဈြကို မှနမြာနိုငငြံမှာ ဖဖေောဝြါရီ ၂၀ ရကနြေ့ စတငြ စဈဆေးနိုငတြော့မယြ

အဆုတ်ရောင် Covid-19 ဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ ရည်ညွှန်းဓာတ်ခွဲခန်းရှိတဲ့ ထိုင်းနိုင်ငံကို ပေးပို့ စစ်ဆေးနေရာကနေ အခု မြန်မာနိုင်ငံမှာ လာမယ့် ဖော်ဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး စတင် စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ ပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ အဆင့်သင့်ရှိနေပြီဖြစ်တဲ့အတွက် ဓာတ်ခွဲပစ္စည်းတွေ ရရှိစေဖို့ ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို ကြိုးပမ်းခဲ့ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုနဲ့ ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS)၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနဲ့ JICA အဖွဲ့တို့ရဲ့ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့နဲ့ ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine (NCGM) နဲ့ ဂျွန်တန်ဒို တက္ကသိုလ်တို့ကနေ ဓာတ်ခွဲပစ္စည်းတွေကို လက်ခံရရှိခဲ့ပါတယ်။

WHO ရဲ့ လုပ်ငန်းသတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း ဓာတ်ခွဲနမူနာတွေမှာ Covid-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ၊ မရှိ WHO ရည်ညွှန်းဓာတ်ခွဲခန်းနဲ့ တစ်ပြိုင်နက် ဓာတ်ခွဲစစ်ဆေးခဲ့ရာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ရဲ့ ဓာတ်ခွဲအဖြေတွေနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရတဲ့အတွက် ကိုယ်တိုင်သီးခြား ဓာတ်ခွဲစစ်ဆေးခြင်း (independent testing) ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)